ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရွှေကုက္ကိုလ်မြို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ အမေရိကန်က မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက ကျားဖြန့်တွေကို နှိမ်နင်းဖို့ Scam Center Strike Force (SCSF) ကို ဖွဲ့စည်းကြောင်း ကြေညာမှုအပြီးနဲ့ တရုတ်ရဲ့ မဲခေါင်မြစ်ဝှမ်းက နိုင်ငံ ၆ ခုပါ ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းမှုအပြီး အခုလိုဖြစ်ပေါ်လာတာပါ။

BGF တပ်က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် ဦးဆောင်ပြီး မြန်မာစစ်တပ်နဲ့ ရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ “ရွှေကုက္ကိုလ်” မြို့ထဲ အခြေစိုက်တဲ့ ကျားဖြန့်ရုံးချုပ်တွေကို ဝင်ရောက်စီးနင်းရာမှာ နိုင်ငံခြားသား ၃၄၆ ယောက်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အများစုက တရုတ်နိုင်ငံသားတွေလို့ ယူဆရကြောင်း ထိုင်းသတင်း The Reporters မှာ ဖော်ပြထားပါတယ်။ 

ငွေလိမ်ဂိုဏ်းတွေ အလုပ်လုပ်တဲ့ အဆောက်အအုံအတွင်းထဲ ဝင်ရောက်ရာမှာ အလွှာတိုင်းကို အခန်းတွေဖွဲ့ထားပြီး အခန်းတစ်ခန်းစီမှာ ကွန်ပျူတာနဲ့ စားပွဲခုံတွေမှာ စက်ပေါင်း ၃၀ ကနေ ၅၀ အထိ ရှိနေတာကို တွေ့ရှိရကြောင်း သိရပါတယ်။ 

နိုင်ငံခြားသားတွေဟာ အခန်းထဲမှာ အလုပ်လုပ်နေကြပြီး ဝင်ရောက်စီးနင်းချိန် စားပွဲအောက်တွင် ပုန်းအောင်းနေခဲ့ကြကာ ဆန့်ကျင်မှုတစုံတရာ မရှိခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခန်းတွေထဲမှာ ရာနဲ့ချီတဲ့ မိုဘိုင်းလ်ဖုန်းတွေကို သပ်သပ်စီ ခွဲခြားထားတာတွေ၊ လျှပ်စစ်ဓာတ်အားကြိုးတွေနဲ့ အခြား အီလက်ထရွန်နစ် ကိရိယာတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

BGF တပ်ဖွဲ့က ဒီစစ်ဆင်ရေးဟာ ငွေလိမ်ဂိုဏ်းတွေကို အပြီးသတ်နှိမ်နင်းမယ်လို့ အရင်က ပြောထားသလို ဆောင်ရွက်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ လမ်းညွှန်မှုအတိုင်း နိုင်ငံအတွင်းမှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို ကိုင်တွယ်နှိမ်နင်းဖို့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တရပ်လည်း ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့လကလည်း အာဏာသိမ်းစစ်တပ်ဟာ ကျားဖြန့်လုပ်ငန်းတွေရှိတဲ့ KK Park ခြံဝင်းကို ဝင်ရောက်စီးနင်းခဲ့ပေမယ့် အကဲခတ်တွေကတော့ ဒါဟာ နိုင်ငံတကာဖိအားကို ရှောင်ကြဉ်ဖို့ ဟန်ပြလုပ်ဇာတ်သာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြတာပါ။

(ဓာတ်ပုံ The Reporters)

 

0 Shares:
You May Also Like
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

ကန်ချနဘူရီ ရေလှောင်တမံမှာ မြန်မာလုပ်သား ၃ ဦး၏ ရုပ်အလောင်း တွေ့ရှိ၊ လှေနစ်မြုပ်မှုကြောင့် သေဆုံးဟု ယူဆ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဝချီရာလောင်ကွန် ရေလှောင်တမံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ ရေပေါ်ပေါ်လာတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက ဆယ်ယူခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး စက်တင်ဘာလ ၁၂ ရက်က ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။