ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်တွေကို အပြီးသတ်နှိမ်နင်းတော့မယ်လို့ BFG နိုင်မောင်ဇော်က ထိုင်းသတင်းဌာနတွေကို ဖြေကြားအပြီး ကျားဖြန့်တွေ  အစုလိုက်အပြုံလိုက် ထွက်ပြေးလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်ညပိုင်းက ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့်အလုပ်သမားထောင်ချီဟာ မြို့ကနေ ထွက်ခွာဖို့ ကြိုးစားနေကြပြီး မြို့တွင်း လမ်းများပိတ်တဲ့အထိ ဖြစ်ပွားခဲ့ကာ နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ကိုင်သူ  ၁၀၀၀ နဲ့ ၂၀၀၀ အကြားရှိပြီး ကျားဖြန့်တွေကို လုံး၀ မထားတော့ဘဲ အပြီးသတ် နှိမ်နင်းတော့မယ်လို့ BFG နိုင်မောင်ဇော်က ပြောဆိုခဲ့တာပါ။

နှိမ်နင်းရာမှာလည်း စစ်တပ်နဲ့ ပူးပေါင်းနှိမ်နင်းသွားမှာဖြစ်ပြီး  အမေရိကန်နှင့် တရုတ်ဖိအားရှိလာတဲ့အတွက် လုပ်ဆောင်တာမဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းဖို့ ဆုံးဖြတ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

မန္တလေးမြို့မှာ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဝမ်ပေါင် ကြေနီးတင်ယာဉ်များအတွက် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်တွေကို လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ယမားတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တို့သေဖူးကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

တောကျီးကန်းစစ်ကြောင်း ဒရုန်းတပ်ဖွဲ့ရဲ့ ၆လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁၃ ယောက်သေပြီး ၆၂ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တောကျီးကန်းစစ်ကြောင်းရဲ့ ၆ လတာ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ၁ ယောက်၊ ရဲအရာရှိ ၁ ယောက်နဲ့ ဗိုလ်အဆင့် ၁ ယောက်အပါအဝင် ၁၃ ယောက်သေပြီး ၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။