စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်စခန်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်အမျိုးသား ၄ ယောက် ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“ကျွန်‌တော်က အသက် ၁၉ နှစ်၊ ရေစကြိုမြို့နယ် ဂွေးခုံရွာမှာနေပါတယ်။ မြစ်ကြီးနားက ငှက်ပျောခြံမှာအလုပ်လုပ်ဖို့ ရေစကြိုကနေ light truck ကား၃စီးနဲ့လာကြတာ ကျန်တဲ့ဂိတ်တွေက အေးဆေးပဲ ၊နိုဝင်ဘာ ၂ ရက်နေ့က ဘူးကုန်းဂိတ်‌ရောက်မှ လာတဲ့ကား၃စီးမှာ ရှေ့ကအစီးကလွတ်သွားပြီး ကျန်တဲ့နှစ်စီးကလူတွေကို မှတ်ပုံတင်ကြည့်ပြီး အောက်ဆင်းခိုင်းတာ၊ကားနှစ်စီး‌ပေါင်း ကျွန်တော်အပါအဝင် ၁၃ ယောက် ပေါ်တာဆွဲပြီး ဖမ်းခံလိုက်ရတာ”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ် ၁ ယောက်က ဆိုပါတယ်။

ပေါ်တာဆွဲခံရတဲ့ လူငယ်တွေဟာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၈ ရက်အတွင်း ကန့်ဘလူ မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဘူးကုန်းအထိုင်ဂိတ်မှာ ပေါ်တာဆွဲခံရတာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက် ညပိုင်းမှာ ကျွန်းလှအချုပ်ထောင်ကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကို သက်ဆိုင်ရာမြို့နယ် မိသားစုတွေထံ ချိတ်ဆက် ပို့ဆောင်ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

Video – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

0 Shares:
You May Also Like
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်အနုပညာရှင် ခါရာ တိုက်တွန်း (ရုပ်/သံ)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြည်သူတရပ်လုံး အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်အနုပညာရှင် ခါရာက တိုက်တွန်းလိုက်ပါတယ်။ ဒီနှစ် လူ့အခွင့်အရေးနေ့အတွက် ဆောင်ပုဒ်ဟာ “ငါတို့အသံ၊ ငါတို့တိုက်ပွဲ၊ ငါတို့အခွင့်အရေး” ဖြစ်ပြီး အဲဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားတာ ဖြစ်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာစာသင်ကျောင်းကို ဧပြီ ၁၈ ရက် မနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးပြီး ပြည်သူ ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ဒရုန်းတွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့နဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ် (ရုပ်/သံ)

ယောဒေသရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှာ ဆုံးရှုံးသွားတဲ့ ဒရုန်းတွေနဲ့ ဗုံးသီးတွေ ထုတ်လုပ်နိုင်ဖို့ SKY HUNTER ပရောဂျက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။