ကရင်နယ်ခြားစောင့်တပ် BGF က အကြမ်းဖက်ဖက်စစ်တပ်နဲ့ ပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့နယ်က ကျားဖြန့်တွေကို အပြီးသတ် နှိမ်နင်းတော့မယ်လို့ ကြိုတင်အသိပေး သတင်းလွှင့်ပြီးတဲ့နောက် ရွှေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်း ကျားဖြန့်သမားတွေ မနေ့က ညတွင်းချင်း အလုံးအရင်းနဲ့ ထွက်ခွာခဲ့ကြပါတယ်။

BGF ပြောခွင့်ရ နိုင်မောင်ဇော်က ကျားဖြန့်လုပ်ငန်းတွေကို အပြီးသတ် နှိမ်နင်းတော့မယ့်အကြောင်း နိုဝင်ဘာ ၁၇ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့သလို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နိုဝင်ဘာ ၁၅ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံခရီးစဥ်အတွင်း ငွေလိမ်လုပ်ငန်းတွေကို အမျိုးသားရေးတာဝန်အနေနဲ့ နှိမ်နင်းမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဒီလို ကြိုတင် အသိပေး သတင်းလွှင့်မှုတွေကြောင့် နိုဝင်ဘာ ၁၇ ရက် မနေ့က ညပိုင်းမှာ ရွှေကုက္ကိုလ်က ကျားဖြန့်တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးကြရာ မြို့နေရာအနှံ့ ရှုတ်ယှက်ခတ်ကုန်ပါတယ်။

ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ကိုင်သူ အယောက် ၁၀၀၀ နဲ့ ၂၀၀၀ ကြားရှိပြီး အခုလို နှိမ်နင်းဖို့ ဆုံးဖြတ်တာဟာ အမေရိကန်နဲ့ တရုတ်ရဲ့ ဖိအားတွေကြောင့်မဟုတ်ဘဲ ကိုယ့်ဘာသာ နှိမ်နင်းဖို့ ဆုံးဖြတ်တဲ့အချိန်နဲ့ ကိုက်ညီနေတာဖြစ်တယ်လို့ BGF နိုင်မောင်ဇော်က ပြောဆိုထားပါတယ်။

လက်ရှိမှာ တရုတ်က နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ဖမ်းမိထားတဲ့ ရွှေကုက္ကိုလ် ထူထောင်သူ She Zhijiang ကို ထိုင်းနိုင်ငံထံကနေ လွှဲပြောင်းလက်ခံထားပြီး အမေရိကန်နိုင်ငံကလည်း ကျားဖြန့်တွေကို ကာကွယ်ပေးကာ အကျိုးအမြတ် ရယူနေတဲ့ DKBA နဲ့ ခေါင်းဆောင် ၄ယောက်ကို ပိတ်ဆို့အရေးယူခဲ့သလို ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ Scam Center Strike Force အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၁၂ရက်မှာ ကြေညာခဲ့ပါတယ်။

သိပ်မကြာသေးခင်ကလည်း နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကျားဖြန့်တွေ အခြေစိုက်ရာ KK Park ကို ဝင်ရောက်စီးနင်းတော့မယ့်အကြောင်း မြန်မာစစ်တပ်က ကြိုတင်အသိပေး သတင်းလွှင့်ခဲ့တာကြောင့် KK Park မှာရှိတဲ့ ကျားဖြန့်တွေ အလုံးအရင်း တိမ်းရှောင်ထွက်ပြေးခဲ့ကာ လက်ရှိမှာ ကျားဖြန့်နှိမ်နင်းရေးအဖြစ် KK Park ထဲက အဆောက်အဦးတွေကို ဖောက်ခွဲဖျက်ဆီးမှုတွေ ဆက်တိုက်လုပ်ပြနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်…

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဆင်ရေးအဖြစ် ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ်မှ တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ဦး သေဆုံး

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

အမ်းမြို့နယ်က အကြမ်းဖက်စစ်တပ် တပ်ရင်းအားလုံးနီးပါးကို AAသိမ်းပိုက်ထားပြီး နပခ ကိုထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

“Phyu Phyu In Korea” ဂီတဖျော်ဖြေပွဲမှ ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ၆၈၀၀ ခန့် ရရှိ

တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ "Phyu Phyu In Korea " Concert ဂီတဖျော်ဖြေပွဲကနေ မြန်မာငွေကျပ် သိန်းပေါင်း ၆၈၀၀ ခန့်အထိ ရရှိခဲ့ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ ပေးပို့လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။