ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်မှုမှာ လုံခြုံရေးယူပေးနေတဲ့ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ထားကြောင်း လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက် ညပိုင်းက မှော်ဘီမြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို မြို့ပြကြွက်ကွန်ယက်လက်အောက်ခံ ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံးတွေ၊ လက်လုပ်မိုင်းတွေနဲ့ သွားရောက်ပစ်သွင်း တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီးတွေ လုံခြုံရေးယူပေးနေတဲ့ ဂိတ်နားကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုတွေ ထိခိုက်သွားခဲ့တာပါ။

အဲ့ဒီနောက်မှာတော့ စစ်အုပ်စုဘက်က ရပ်ကွက်ကို မီးဖျက်ကာ သေနတ်နဲ့ ရမ်းကားပစ်ခတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ပေမယ့် ရဲဘော်တွေ ဘေးလွတ်ရာတိမ်းရှောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အထဲမှာ သူတို့ဘယ်လောက်ရှိလဲမသိပေမယ့် အပြင်ကင်းမှာတော့ စခနဲ့ ပျူစောထီး ၆ ယောက်လောက် ရှိပါတယ်။ အရင်ကဆို ပျူစောထီးတွေလောက်ပဲ စောင့်ပေမယ့် အခုက သူတို့မဲဆွယ်ဖို့ ရက်ကပ်လာလို့ စခတွေပါ ကင်းလာစောင့်တာလို့သိရတယ်။ ၄ ယောက် ထိတာမှာ။ သူတို့အနားကပ်ကျတဲ့ ၂ ယောက်ကတော့ ဒဏ်ရာပြင်းပါတယ်” လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ခိုက်ခံရသည့် ကြံ့ခိုင်ရေးရုံးအား တွေ့ရစဥ်

လူမပြောင်း၊ မူမပြောင်းဘဲ နာမည်အမျိုးမျိုးပြောင်း အာဏာရူးနေကြသူတွေရဲ့ ပြည်သူအပေါ် သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေ တရားဝင်စေရေးအတွက် လုပ်ဆောင်ကြမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ပူးပေါင်းပါဝင်တာမျိုးတွေလည်းမလုပ်ဖို့ မြို့ပြကြွက်ကွန်ယက်က အသိပေး ပြောကြားထားပါတယ်။

အခုဆိုရင် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၁) နီးကပ်လာချိန် စစ်တပ်လက်ပါးစေ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေလည်း ရှိလာပြီဖြစ်ပါတယ်။ ဒီထဲမှာ စစ်ဗိုလ်ချုပ်တွေနဲ့ စုဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးပါတီဟာလည်း ရွေးကောက်ပွဲမစခင်တည်းက ကြိုတင်အနိုင်ရတဲ့နေရာတွေရှိနေပြီး အတုအယောင်ရွေးကောက်ပွဲအတွက် အားခဲထားကြကြောင်း သိရပါတယ်။

“သူတို့ကတော့ ရအောင်လုပ်မှာပဲလို့ နားလည်ထားတယ်။ ဒီတော့ ကျနော်တို့ကလည်း ရအောင်နှောင့်ယှက်တာမျိုးကို အစွမ်းကုန်လုပ်မှာပါ။ ပိုပြီးပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလည်း ရှိဦးမှာပါ” လို့ မြို့ပြကြွက် ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD ကနေ ပြည်သူ့ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိအမှတ်ပြုတည်ထောင်ပေးခဲ့တာ ဧပြီလ (၁၇) ရက် ဒီနေ့မှာ (၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်စစ်ကော်မရှင်၏ လေယာဉ်ကို KNU တပ်ဖွဲ့က ပစ်ခတ်မှု လေယာဉ်ထိမှန်သွားဟု ဆို…

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးနဲ့ မဝေးတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကို မီးရှို့၊ စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးတွေပါ ပစ်ခတ်နေ

မန္တလေးမြို့အနီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ဒဂုံ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ…

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။