ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ သဘောထားအတိုင်း ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် – ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဒူးသထူခရိုင် – ဘားအံမြို့နယ် ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုမှာမဟုတ်ဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာဖြစ်ကြောင်း ပြောထားပါတယ်။

ပြည်သူတွေဟာ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့်သော်လည်းကောင်း၊ စစ်ဘေးကြောင့်သော်လည်း နေရပ်မှာ အေးအေးချမ်းချမ်း နေထိုင်နိုင်ခြင်းမရှိတော့ဘဲ ကျန်ရှိနေတဲ့ ပြည်သူတွေနဲ့သာ အတင်းအဓမ္မ မဲပေးစေခိုင်းတာကို ရင်ဆိုင်နေရကြောင်း၊ စစ်တပ်က ပြည်သူလူထု နားလည်ဖို့ ခက်ခဲရှုပ်ထွေးတဲ့ ရွေးကောက်ပွဲစနစ်နဲ့ သူတို့လိုချင်တဲ့ အဖြေကို ထုတ်နိုင်တဲ့ အီလက်ထရောနစ်မဲပေးတဲ့ လုပ်ငန်းစဉ်ကို အသုံးပြုခြင်းဟာ တိကျမှန်ကန်တဲ့ ရလဒ်မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်အတွင်း မြင်တွေ့ရသည့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်

ဒါကြောင့် KNU ဗဟိုရဲ့ ‌သဘောထားရပ်တည်ချက်အတိုင်း ဘားအံမြို့နယ်အတွင်း ပြည်သူလူထုကို လိမ်လည်လှည့်ဖျားမယ့် အတုအယောင်ရွေးကောက်ပွဲကို ခွင့်ပြုမှာ မဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း အာဏာရှင် သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်တာမျိုး မလုပ်ဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်သွားကြဖို့၊ ဆန္ဒမဲတွေကို အလွဲသုံးစားပြုခွင့် မပေးဖို့ KNU ဒူးသထူခရိုင်-ဖားအံမြို့နယ်က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း စောမြင့်ဦးရဲ့ ဓာတ်ပုံနဲ့ စာသားပါ ဆိုင်းဘုတ်ကို ဆုတ်ဖြဲလို့ဆိုပြီး လူငယ် ၂ယောက်ကို ရွေးကောက်ပွဲ နှောင့်ယှက်မှုနဲ့ စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်မယ့် ‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်း

စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ဝါးရုံပင်အတွင်း ပုန်းခိုနေသည့် အရပ်သား ၁ဦး သေဆုံး ကမ္မ -ရေပြာလမ်းပိုင်းတစ်ဝိုက်ကိုလည်း Y12 လေယာဥ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော်ကြဲ

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။" လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်

ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်အတွက် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ပျူခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။