မန္တလေးတိုင်း ‌‌တောင်သာမြို့ အနောက်ဂိတ် ‌(ခေါ်) သံလမ်းဂိတ်ကို တော်လှန်ရေးတပ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Scorpions People Defense Force က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၉ ရက်က မြင်းခြံ-တောင်သာလမ်းပိုင်းကို အင်အား ၃၀၀ ခန့်နဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး တောင်သာမြို့အနောက်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Scorpions PDF)နဲ့ ညောင်ဦးခရိုင် တပ်ရင်းအမှတ် (၅) ၊ မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Scorpions People Defense Force

0 Shares:
You May Also Like
Read More

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီး ၃ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီး အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၇၀ ခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KBDF Drone-တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်ပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြန် (ရုပ်/သံ)

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင်ရေးနဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနက အများပြည်သူများသိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အားအလုံးအရင်း ဝင်လာသည့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လမ်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက် နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက လမ်း ပိုင်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ  တို့ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။