မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဒေသခံတွေဟာ စစ်ရှောင်နေရာတာ ၂လကျော် ၃လနီးပါးအချိန်ကို ရောက်ရှိလာနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“ကလေးနယ်တောင်ပိုင်းနဲ့ ဂန့်ဂေါနယ်မြောက်ပိုင်းကြားဆို နေ့တိုင်းကို တိုက်ပွဲဖြစ်နေတာလေ။ မြေပြင်ရော ဝေဟင်ပါ ကြောက်နေရတာပေါ့။ ယောနယ်စပ်ဆိုလည်း အဲ့လိုပဲ။ အဓိကကတော့ ဝေဟင်ကို ကြောက်နေရတယ်” လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ရှောင်တွေဟာ ဖုန်းလိုင်းတွေလည်း အဖြတ်ခံထားရသလို အင်တာနက်လိုင်းအခက်အခဲတွေ၊ သွားရေးလာရေး အခက်ခဲတွေကြောင့် အကူအညီတွေ မရဘူးဖြစ်နေတယ်လို့ သိရပါတယ်။

“ဒီဘက်တွေက အကူအညီတွေ မရပါဘူး။ ဒေသတွင်းမှာ မျှစားနေရတဲ့ အခြေအနေပါပဲ။ အဖွဲ့အစည်းတွေက ရောက်လာတယ်ဆိုတာ နည်းပါတယ်။ ပြည်ပရောက် ယောသူ၊ ယောသား အဲ့လောက်လေးပဲ အကူအညီတွေ ရောက်တာပါ” လို့ ဆိုပါတယ်။

(ဓာတ်ပုံ ယောအလင်းတန်း)

လက်ရှိမှာလည်း ကလေးတောင်ပိုင်းနဲ့ ဂန့်ဂေါနယ်မြောက်ပိုင်းကြားနေရာကို စစ်တပ်က Y12 လေယာဉ်နဲ့ လာရောက် ဗုံးကြဲနေတာ ၅ရက် ဆက်တိုက်ရှိနေပြီလို့ ဆက်ပြောပြပါတယ်။

“ဗုံးကြဲတာက နေ့စဉ်ရက်ဆက်မဟုတ်တောင် ၁ရက်ခြား ၁ခါလောက် လာကြဲနေတာ လချီကြာနေပြီ။ ကလေးတောင်ပိုင်းမှာဆို ကျေးရွာတွေထဲကို ကြဲချလို့ ထိခိုက်မှုတွေလည်း ရှိနေတယ်။ စစ်ရေးကလည်း တင်းမာနေတယ်” လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူက ဆိုခဲ့ပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ထွက်ပြေးနေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေဟာ ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တဲ့အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နဲ့ ခြုံစောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးအိုးဘိုထောင် Drop ဗုံးကြဲခံရမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးနှင့် အခြားအကျဥ်းသား ၄ ဦး သေဆုံးကြောင်း PPNM အမည်စာရင်း ထုတ်ပြန်

မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျေးရွာအုပ်စုနှင့် ရပ်ကွက်ပေါင်း ၂၉၃၁ ခုတွင် အတုအယောင် ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်

အတုအယောင် ရွေးကောက်ပွဲနီးကပ်လာချိန် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုမှာ အခြေအနေတွေကြောင့် ရွေးကောက်ပွဲအတု လုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၆ရက်နဲ့ ၇ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၀၂ မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၆၁ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ မှာ ရွေးကောက်ပွဲလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းပြည်သူ့စစ်က စစ်ရှောင်ပြည်သူများအား ပြည်သူ့စစ်အဖြစ် စုဆောင်းနေ

အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။