မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့နယ် ရွှေပင်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှာ ကပစ ၂၃ ကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ကျောမြို့နယ် ရွှေပင်ရွာအတွင်း ဝင်ရောက်ပြီး အိမ်ခြေ ၃၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်သားတွေက ရွှေပင်ရွာအနီး တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

Video – ယောအလင်းတန်း

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ် ပကဖ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ထုတ်ပြန်ပြသ (ရုပ်/သံ)

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ပြည်သူလူထူထံ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင် ကျဆုံးခဲ့ရတဲ့ ရဲဘော် ကိုရှိုင်း စျာပနအခမ်းအနား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိပ်မှူး ရဲဘော် မိုးဒီ (ခ) ကိုရှိုင်းစျာပနကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့တရုတ်ဘုံကျောင်းရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တစ်ကိုယ်တော်ဆန္ဒပြ (ရုပ်သံ)

အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ပေါ်ပေါ်ထင်ထင် ထောက်ခံမှုတွေ ပြုလုပ်လာချိန်၊ စစ်အာဏာသိမ်း ၄ နှစ်ပြည့်မြောက်ချိန် ဒီကနေ့မှာ ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတစ်ခုရှေ့မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "It has been 4 years since the military staged the coup! " စာတမ်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်ရဲ့အာဏာသိမ်းခဲ့တာ ၄ နှစ်ရှိပြီဖြစ်ကြောင်း နှိုးဆော်အသိပေး တစ်ကိုယ်တော်ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
Read More

ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း၏ စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း (YMB Column) ရဲ့ စစ်ရေးပြအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတင်ဖို့အတွက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group အဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်း (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကျားထိုးတက်ပြီး လိုက်လံရှင်းလင်းနေတဲ့ မှတ်တမ်းရုပ်သံကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။