မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။

ည ၉ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ သူ့ရဲ့ သူငယ်ချင်းတယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သူတို့ကလည်း မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။

သံသယရှိသူနဲ့ သူ့ရဲ့မိတ်ဆွေတချို့ဟာ အဆိုပါ စားသောက်ဆိုင်မှာ သွားရောက် စားသောက်ခဲ့ကြပေမယ့် အစားအသောက် အရည်အသွေးကို မကျေနပ်ခဲ့ကြဘဲ အသက် ၄၀ ကျော်အရွယ် သေဆုံးသူနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူတို့နဲ့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ သေဆုံးသူအမျိုးသမီးက အဲဒီလူတွေကို ဆိုင်ကနေ ထွက်သွားဖို့ ပြောခဲ့ကြောင်း သိရပါတယ်။

(ဓာတ်ပုံ NewStraitsTimes)

အဲဒီနောက် သံသယရှိသူဟာ သူ့ရဲ့ အစ်ကိုကို ဖုန်းခေါ်ပြီး စားသောက်ဆိုင်သို့ ပြန်လာကာ အဆိုပါ အမျိုးသမီးစားဖိုမှူးကို ဓားနဲ့ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။

ပီနန်ပြည်နယ် ရဲချုပ် Azizee Ismail က ဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး သံသယရှိသူနဲ့ သူ့ရဲ့အစ်ကို အပါအဝင် မြန်မာအမျိုးသား ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

“သံသယရှိသူဟာ ရန်ဖြစ်ချိန်မှာ အရက်မူးနေတယ်လို့ ယုံကြည်ရပါတယ်။ ဒီကိစ္စကို လူသတ်မှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နဲ့ စစ်ဆေးနေပါတယ်” လို့ ရဲချုပ်က ပြောကြားခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ Seberang Jaya ဆေးရုံကို ပို့ဆောင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

(ဓာတ်ပုံ NewStraitsTimes)

မူရင်းသတင်း – Myanmar Cook Dead, Two Others Injured In Stabbing At Ala Thai Restaurant

0 Shares:
You May Also Like
Read More

ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ မြန်မာပြည်သူပြည်သားတွေနဲ့ GSM e.V. ပူးပေါင်းပြီး အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ လူမှုအခြေပြုအဖွဲ့အစည်းတွေက လိမ်လည်တဲ့ ဟန်ပြရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
Read More

ကမ္ဘာ့နိုင်ငံများ၏ လျစ်လျူရှုမှုများကြား မြန်မာစစ်တပ်၏ ဆေးရုံကိုဗုံးကျဲတိုက်ခိုက်ခဲ့မှုက ရွေးကောက်ပွဲဆိုင်ရာ မငြိမ်သက်မှုများကို ပိုမိုပြင်းထန်စေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေဖွယ်ရှိ

“စစ်တပ်ဟာ ရွေးကောက်ပွဲနေ့မတိုင်မီ နယ်မြေတွေသိမ်းပိုက်ဖို့ အသည်းအသန် ကြိုးပမ်းနေတာဖြစ်တယ်” လို့ သူမက ဆိုပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ဒေသတွင်း မိတ်ဖက်တွေကို သူတို့အင်အားပြသဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေကို “ခြိမ်းခြောက်ဖို့” ရည်ရွယ်တာလို့လည်း သူမက ထပ်ပြောပါသေးတယ်။ “ဆေးရုံကို ဗုံးကြဲတာဟာ ရွေးကောက်ပွဲနဲ့ အလွန်နီးကပ်တဲ့အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို စစ်အုပ်စုက လုံးဝ လျစ်လျူရှုထားတာကို ပြသနေတာပဲ ဖြစ်တယ်" လို့လည်းဆိုပါတယ်။
Read More

ဆေးဝါးကျွမ်းကျင်သူများပါဝင်မည့် အမေရိကန် ခရစ်ယာန်အဖွဲ့ Samaritan’s Purse ငလျင်ဒဏ်သင့်ဒေသများကို လာရောက်ကူညီမည်

အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။
Read More

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့မှု နစ်နာကြေး ရရှိအောင် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်ခဲ့မှုအတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။