စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ဒီမနက် ၉နာရီခန့်က သာစည်ရွာရဲစခန်းကို စခန်းစည်းရိုးနဲ့ မီတာ ၅၀ လောက် အကွာကနေ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အပြန်အလှန် ထိတွေ့မှုအချိန်ကတော့ နာရီဝက်လောက်ပဲကြာတယ်။ အနီးကပ် သွားပစ်တာဆိုတော့ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်။ စခန်းထဲဆိုတော့ စခန်းလည်း သိမ်းလို့ရတဲ့ အခြေအနေမျိုး မဟုတ်တော့ ဘယ်လောက်ထိခိုက်တယ်၊ ဘာညာတော့ ကျနော်တို့ အတိအကျ မသိရသေးပါဘူး။ ဆက်လက် စုံစမ်းဆဲပါ။ အထိအခိုက်ကတော့ တော်တော်ရှိပါတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကြွက်ကလေးက မောင်းကို ပြောပါတယ်။

သာစည်ရဲစခန်းကို သွားရောက်ပစ်ခတ်ဖို့ အချိန် ၂ရက်လောက် ယူခဲ့ရပြီး ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းကာ ရဲစခန်းထဲမှာ စစ်ကော်မရှင်တပ်သားတွေ လူအင်အားနည်းနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

Video – ဘုတလင်မြို့နယ် တပ် ပေါင်းစုစစ်ကြောင်း

0 Shares:
You May Also Like
Read More

အနောက်‌မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် Battalion Of Budalin ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ် ၁၀ စီးခန့် အား ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ ဖိုင်ကို Battalion Of Budalin ( မုံရွာခရိုင်တပ်ရင်း ၂၀) မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေးမြို့ပေါ်ရှိ စကခ ၁၉ နှင့် အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တအောင်းပြည် တပ်မဟာ ၃ မှာ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူသင်တန်းသား စုစုပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

တအောင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဉ် ၆၆ သင်တန်းသူ သင်တန်းသားပေါင်း ၁၀၀၀ နဲ့ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၉ ရက်က တအောင်းပြည် တပ်မဟာ ၃ မှာ ကျင်းပခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာအနီး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်တပ်ယာဉ် ၄ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ ယောက်ခန့် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကူ ၇ စီးယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ယောက်ခန့် သေခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။