ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) တပ်ဖွဲ့ဝင် ရဲဘော် ၂ယောက် အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

YUPA ရဲဘော် ၂ယောက်ဖြစ်တဲ့ K စည်နဲ့ မိုးလေးတို့ ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့ ၂ယောက်နဲ့ အဆက်အသွယ်ရှိသူတွေအနေနဲ့ လုံးဝ အဆက်အသွယ် မလုပ်ကြဖို့ YUPA က သတိပေးထားပါတယ်။

YUPA ရဲဘော်တွေအနေနဲ့လည်း လက်ရှိမှာ အရေးပေါ် နေရာပြောင်းရွှေ့နေရပြီး ပြောင်းရွှေ့စရိတ်တွေအတွက် အားဖြည့်ကူညီ ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့လည်း ရေးသားထားပါတယ်။

ရန်ကုန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကော်မရှင်က လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးမှုအပြင် လက်ရှိမှာ ရွေးကောက်ပွဲအတု နှောင့်ယှက်မှုအပါအဝင် ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရန်ကုန်တိုင်းအတွင်း စစ်ကော်မရှင်ရဲ့ မတရားဖမ်းဆီးခြင်းခံရသူ ၉၄ ယောက် ရှိခဲ့ပြီး ရမ်းသမ်းဖမ်းဆီးခြင်းခံရသူတွေရှိသလို သတင်းအတိအကျနဲ့ စောင့်ဆိုင်းဖမ်းဆီးခံရသူ ၁၈ ယောက်ပါဝင်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အကျအဆုံးများစွာ ရင်ဆိုင်နေရသည့် စစ်တပ် ပြည်သူကို ပိုမို ဦးတည်တိုက်ခိုက်လာဟု AA ပြော၊ ပြည်သူများ စစ်ရေးသတိ အမြဲရှိနေကြဖို့ တိုက်တွန်း

မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့်မြို့များမှ အခြေခံပညာစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် CDM ဆရာ၊ ဆရာမ ၅၀၀ ဦးနှင့် ဆရာ၊ ဆရာမ အသစ် ၁၀၀၀ ဦး ခေါ်ယူမည်…

တအာင်းတပ်မတော် TNLA ရဲ့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) က လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် TNLA စိုးမိုးနယ်မြေက အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေ ခေါ်ယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံး ပကဖ မှ ကျဆုံးရဲဘော် တပ်ခွဲမှူး တုတ်ကြီးနှင့် ရဲဘော် Fire အတွက် တစ်နှစ်ပြည့် ရည်စူးကုသိုလ်ပြု…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးရဲဘော်တွေဖြစ်တဲ့ တပ်ခွဲမှူးတုတ်ကြီးနဲ့ ရဲဘော် Fire တို့ရဲ့ ကျဆုံးခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်း- မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ကနဲလေးစစ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရမည်းသင်းမှာ သန်းခေါင်စာရင်းကောက်ဖို့ ရှေ့ပြေးကင်းထွက်တဲ့ စစ်ကောင်စီတပ်သား​တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံး…

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံ

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။