မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ အမှတ် ၁၄၊ အမှတ် ၁၉နဲ့ ခမရ ၁၀၉ တပ်ရင်း ၃ ရင်း ပူးပေါင်းအင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းနဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ကျောက်ကာကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက်သေဆုံးကာ အလောင်းတွေကို တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာပဲထားခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ထမ်းစင်နဲ့ သယ်ယူကာ ပင်တောင်ရွာသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်ပကဖ) နဲ့ MGY PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက်က တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ အင်အား ၁၃၀ ခန့်နဲ့ ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ရွာကနေ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ ယောချောင်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲမှာလည်း အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သားတွေထံက MA 1 – ၂လက်၊ MA 2 -၁လက်၊ MA 3 -၁လက်၊ ကာဗိုင်သေနတ်-၁လက်၊ MA ဘောက်ဝိုင်း – ၃ ခု၊ MAဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့် ၊ 60mm ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆လုံး၊ နင်းမိုင်း ၅ လုံး၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေး စက်အကြီး ၁ လုံး (စကားပြောစက် ၂ ခု)၊ ကွန်ပျူတာ ၁ လုံး၊ Biuetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး၊ စစ်သုံး ပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခု၊ Power Bank ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်ပကဖ)၊ ပေါက်-ဆိပ်ဖြူတပ်ရင်း စုဖွဲ့မှုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Pauk Newsletter page

0 Shares:
You May Also Like
Read More

ချောင်းဦးမှာ မိုင်းရှင်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကနေ မိုင်းရှင်းဖို့လာတဲ့ အင်အား ၁၀ ယောက်ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရမုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကားကို ထုတ်ဖော်ပြသ (ရုပ်/သံ)

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။
Read More

ကွမ်းလုံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ်တွေ ပျက်စီး (ရုပ်/သံ)

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့၊ နမ်းဟူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များ နှစ်သစ်အတွက် မိဘပြည်သူများကို ဆုမွန်ကောင်းအမှာစကား ပြောကြား (ရုပ်/သံ)

အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေက ၂၀၂၅ နှစ်သစ်အတွက် မိဘပြည်သူတွေကို ဆုမွန်ကောင်းအမှာစကား ပြောကြားခဲ့ကြပါတယ်။
Read More

မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၇ ယောက်ခန့် သေကာ ၇ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို စစ်ကြောင်းထိုးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၀ ကျော်သေပြီး ၇ ယောက် ဖမ်းမိခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 အဖွဲ့ထံက သိရပါတယ်။
Read More

ရေဦးမြို့နယ်မှာ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်‌ရေး လေ့ကျင့်သရုပ်ပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကျောင်းသားကလေးငယ်တွေ လေကြောင်းအန္တရာယ် ရှောင်ရှားနိုင်ရေး လေ့ကျင့်သရုပ်ပြမှု ပြုလုပ်ပေးခဲ့တယ်လို့ ပကဖအသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။