ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ဘက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တို က်ခိုက်ခံရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေဟာ တည်ပင်ကျောရွာအထိုင်စခန်းကနေ တာကောက်ရွာ၊ ဗောဓိကုန်းရွာ၊ သိုက်ချောင်းရွာတွေဘက်ကို ဆိုင်ကယ် ၅ စီးနဲ့ ကင်းပတ်ထွက်လာချိန် တည်ပင်ကျောရွာနဲ့  သိုက်ချောင်းရွာကြားအရောက်မှာ ဆိုင်ကယ် ၂ စီးကို ကာကွယ်ရေးတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကျန်တဲ့ ဆိုင်ကယ် ၃ စီး ဆက်လက် မောင်းနှင်းလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲအရောက်မှာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားများထံမှာ သိမ်းဆည်းရရှိသည့် ကျည်အချို့

“သူတို့လာမှာကို ကြိုသိလို့စောင့်ဆိုင်းခဲ့တာပါ၊ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်သေးတယ်၊ မိုင်းဆွဲတဲ့နေရာ နဲ့ ကျနော်တို့ထိတွေ့မှုဖြစ်တဲ့နေရာက မကွာဘူး။ မိုင်းကွင်းကိုကျွံထွက်လာတဲ့ စကစ ဆိုင်ကယ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်တယ် ၊ မိုင်းကွင်းထဲကို ကျန်တဲ့ ၃ စီးရောက်ရော မိုင်းဆွဲပစ်လိုက်တာ” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် ကျန်တဲ့စစ်သားတချို့ ပြေးမိပြေးရာ ထွက်ပြေးသွားကြပြီး စစ်အုပ်စုထံက ကျည်ဘောက် ၁ ခု၊ ကျည်အချို့နဲ့ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ တည်ပင်အထိုင်စခန်းမှာ အထိုင်ချတပ်စွဲထားတာ ၁ နှစ်ဝန်းကျင်သာ ရှိသေးပြီး လက်ရှိ အဆိုပါအထိုင်စခန်းမှာ ဆက်လက်အထိုင်ချခြင်းမရှိတော့ဘဲ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားများထံမှာ သိမ်းဆည်းရရှိသည့် ဆိုင်ကယ် ၂ စီး
0 Shares:
You May Also Like
Read More

စစ်ကျွန်မခံ ဒို့ငြင်းဆန် အမျိုးသားနေ့ ဟစ်ကြွေးသံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက် လွတ်မြောက်နယ်မြေတစ်နေရာမှာ စစ်အာဏာရှင် အုပ်ချုပ်မှုကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

စစ်ကောင်စီအတွက် တာဝန်ထမ်းနေတဲ့ ပျူစောထီးကို နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF - ၃၆၀၁ တပ်ရင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အင်မထီးပျူရွာက ထွက်ပြေးလာတဲ့ ကလေး ၂ ယောက် အပါ အရပ်သား ၆ ယောက်ကို မြို့နယ် ပအဖ၊ ပကဖ နဲ့ PDF တွေ ကယ်ဆယ်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။