တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွက် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီနေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၁၇ရက် ဒီမနက် ကျင်းပတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးချယ်လိုက်တာဖြစ်သလို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေးကို တင်မြှောက်လိုက်ကြောင်း ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးစိုးဦးဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ စစ်ကိုင်းမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်ဖြစ်သလို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သူပါ။

စစ်ကိုင်းတိုင်း၏ ကြားကာလအစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး

စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရတဲ့ ဦးမြင့်ထွေးကတော့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ရေဦးမြို့နယ် အမှတ် (၂) ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၅-၂၀၂၀ ခုနှစ် လွှတ်တော်ရဲ့ အထူးကိစ္စရပ်များ စုံစမ်းရေးနဲ့ သုတေသန ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကို ဧည့်သည်တော်တွေအနေနဲ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ကောင်စီဝင် ဦးတိုးကျော်လှိုင်တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေး
0 Shares:
You May Also Like
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

အာဏာသိမ်းမှု ၄ နှစ်အတွင်း မြို့နယ်ပေါင်း ၂၀၃ ခုမှာ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု အကြိမ် ၄၆၀ အထိ ဖြစ်ပွားခဲ့

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းက  မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

BPLA အညာစစ်ဒေသ လေ့ကျင့်တည်ဆောက်ခဲ့မှု (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အမှတ် (၃၀၈) အညာစစ်ဒေသ ဖြစ်တည်လာဖို့ လေ့ကျင့်တည်ဆောက် ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စက်တင်ဘာလအတွင်း ထီးလင်းမြို့နယ် ကျေးရွာများကို စစ်အုပ်စု ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးခဲ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဟန်ရေးပြ စစ်ရေးလှုပ်ရှားတဲ့အနေနဲ့ စက်တင်ဘာလ တစ်လအတွင်း ကျေးရွာတွေကို ၈ကြိမ်ထက်မနည်း အင်အားပြ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ကျန်တဲ့တပ်ဖွဲ့ဝင်တွေ လိုက်လံကန်တော့ပြီး ထောက်ပံ့ကူညီခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ရှမ်းမန်း စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို ကျန်ရှိတပ်ဖွဲ့ဝင်တွေက သီတင်းကျွတ်ကာလမှာ လိုက်လံကန်တော့ခဲ့တယ်လို့ DOUNG NI People Defence Force-DNPDF က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။