မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ မြိုင်မြို့နယ် စက်မှု (၂) ကနေ နိုဝင်ဘာ ၁၆ရက် မနက်ပိုင်းမှာ အင်အား ၁၅၀ ဝန်းကျင်နဲ့ ပေါက်မြို့နယ် ကမ္ဘားဖြူရွာ မြောက်ဘက်တောထဲမှာ တစ်ညအိပ် စခန်းချခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၇ရက် ဒီမနက် အစောပိုင်းမှာတော့ စစ်အုပ်စုဟာ တိတ်တဆိတ် ဆက်လက်လှုပ်ရှားကာ တဲကြီးရွာ၊ ကန်သစ်ရွာတွေကနေ ထန်းပေါက်ကုန်း၊ ဖလံကန် အစရှိတဲ့ ရွာတွေနားကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်း လှုပ်ရှားမှုကြောင့် ဒေသခံများစွာလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူများ (ပုံဟောင်း)

“စစ်ကြောင်းက ဒီမြိုင်မြို့နယ် ကျေးရွာတွေကို ဖြတ်ပြီးတော့ ပေါက်မြို့နယ် ကမ္ဘားဖြူရွာပြင်မှာ မနေ့ညက သူတို့ ပုန်းခိုပြီးတော့ အိပ်စက်တယ်။ အခုလက်ရှိမှာတော့ ထန်းပေါက်ကုန်းရွာနဲ့ ဖလံကန်ရွာနားတလျှောက်မှာ ရှိနေတယ်။ ပေါက်မြို့နယ် ချိုင်ဇောက်ရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း အရှေ့ဘက်ကို ဦးတည်နေတာဖြစ်တဲ့အတွက် သူတို့ ၂ဖွဲ့ တစ်နေရာရာမှာများ ဆုံကြမလား ဆိုတာမျိုးတော့ ရှိတာပေါ့” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အရင်လို အုပ်စုလိုက်ထွက်လာတာမျိုး မဟုတ်တော့ဘဲ အုပ်စုများစွာ ခွဲထွက်နေတဲ့ပုံစံ ဖြစ်ပြီး စစ်တပ် လှုပ်ရှားစစ်ကြောင်းတွေ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တွေထဲ ဝင်ရောက်နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းထိုးလာတဲ့တလျှောက် ပေါက်မြို့နယ်ရော၊ မြိုင်မြို့နယ်ရော ကျေးရွာပေါင်း ၂၀ခန့်လောက် စစ်ကြောင်း ၂ကြောင်းစာ စစ်ဘေးရှောင်နေရတယ်။ အခုရက်ပိုင်း စစ်ကြောင်းထိုးနေတာ ဗျူဟာတွေ ပြောင်းသွားတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကလို စစ်ကြောင်းကို တလုံးတခဲကြီးနဲ့ သွားစရာရှိတာသွား.. အဲလိုမျိုး မဟုတ်တော့ဘူး။ ခဏနေရင် အယောက် ၅၀ လောက်နဲ့ ဖြစ်သွားလိုက်။ ခဏနေရင် အယောက် ၁၀၀ လောက် ဖြစ်သွားလိုက်။ စစ်ကြောင်းမှာ အယောက် ၂၀၀ ပါတာကို ၁၀၀ စီ ခွဲထွက်သွားလိုက်.. အဲ့လိုမျိုးပေါ့။ ၂၀၀ လောက်ကို ၃ ကြောင်း ပြန်ပေါင်းလိုက် အဲလိုလုပ်နေတာ” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ အောက်တိုဘာလ နောက်ဆုံးအပတ်လောက်က ပခုက္ကူတပ်မ (၁၀၁) ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး မြိုင်မြို့နယ်ဘက် စစ်ကြောင်းထိုးချိန်မှာ ပြည်သူ ၅ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၆ ယောက်ထက်မနည်းကို ဖမ်းဆီးကာ နေအိမ် ၂၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးလာမှုတွေကို ထွက်ပြေးတိမ်းရှောင်ရင်း ဒေသခံ အမျိုးသားတစ်ယောက် ကားနဲ့ တိုက်မိပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ ရွာထဲ ရိက္ခာလာလုတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက်ထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ စက်တင်ဘာ…
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် သွေးခွဲနည်းကို ကျော်ဖြတ်နိုင်လျှင် စစ်အာဏာရှင်ကို အနိုင်ရမည်ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ပြောကြား

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးဘက်တော်သား အချင်းချင်း သွေးကွဲစေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ရင် စစ်အာဏာရှင်ကို အနိုင်ရမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။