စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက် ဒီမနက် ၉နာရီလောက်မှာ သာစည်ရွာရဲစခန်းကို စခန်းစည်းရုံးနဲ့ မီတာ ၅၀ လောက် အကွာကနေ ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အပြန်အလှန် ထိတွေ့မှုအချိန်ကတော့ နာရီဝက်လောက်ပဲကြာတယ်။ အနီးကပ် သွားပစ်တာဆိုတော့ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်။ စခန်းထဲဆိုတော့ စခန်းလည်း သိမ်းလို့ရတဲ့ အခြေအနေမျိုး မဟုတ်တော့ ဘယ်လောက်ထိခိုက်တယ်၊ ဘာညာတော့ ကျနော်တို့ အတိအကျ မသိရသေးပါဘူး။ ဆက်လက် စုံစမ်းဆဲပါ။ အထိအခိုက်ကတော့ တော်တော်ရှိပါတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ကြွက်ကလေးက မောင်းကို ပြောပါတယ်။

အဆိုပါ သာစည်ရဲစခန်းကို သွားရောက်ပစ်ခတ်ဖို့ အချိန် ၂ရက်လောက် ယူခဲ့ရပြီး ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းကာ ရဲစခန်းထဲမှာ စစ်ကော်မရှင်တပ်သားတွေ လူအင်အားနည်းနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဘုတလင်မြို့နယ် တပ်ပေါင်စုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း သာစည်ရွာကနေ ကျောက်စစ်ပုံအမြောက်တပ်ကို ပြန်လာတဲ့ စစ်အုပ်စုကို ထန်းပင်လှရွာနားအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းကာလ ၄နှစ်ကျော်အတွင်း အကြမ်းဖက်စစ်တပ်စခန်းပေါင်း ၂၀၀ နီးပါးကို KNU သိမ်းပိုက်နိုင်ခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မဟာမိတ်တွေက ခရိုင် (၇) ခုအတွင်းရှိ စစ်အုပ်စုစခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN) ရဲ့ "အ ရှေ့ဘက်နယ်စပ်ကို ပြန်လည်သိမ်းပိုက်ခြင်း" အစီရင်ခံစာက ဆိုပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ဖားကန့်မြို့နယ် မလောင်ရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ဦး သေဆုံးကာ လသားအရွယ်ကလေးငယ် ၁ဦးသာ ကျန်ရစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာထဲကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၇ရက် မနေ့ည ၁၀ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်က ဒရုန်းနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ရာ မလောင်ရွာထဲက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ယောက်ထဲက ၃ယောက် သေဆုံးကာ လသားအရွယ် ကလေးငယ်တစ်ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။