စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကံတလူတိုးဂိတ်ကနေ ပြည်သူတွေထံက ဖမ်းဆီးငွေညှစ်ပြီး ပြန်လာတဲ့ ထွေ/အုပ်စာရေး ကျော်ရဲလွင်နဲ့ အပေါင်းအပါစစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် ညပိုင်းက စစ်ကိုင်း-မုံရွာလမ်းပိုင်း စစ်ကိုင်းတက္ကသိုလ်အနီးမှာ ထွေ/အုပ်စာရေးကျော်ရဲလွင်နဲ့ အပေါင်းအပါ စစ်သားတွေ စီးနင်းလာတဲ့ ကားကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ထွေ/အုပ်စာရေး ကျော်ရဲလွင်အပါအဝင် ၇ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတက္ကသိုလ်နဲ့ တပ်မ ၃၃ က တပ်ကူတွေ ရောက်လာတဲ့အတွက် ကားကို ရှင်းလင်းခဲ့ကာ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေး ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကွမ်းလုံဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ်တွေ ပျက်စီး (ရုပ်/သံ)

စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့၊ နမ်းဟူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်၊ အရာရှိ ၃ ဦးအပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားသည့် ရွှေဝါရောင်ဆရာတော် ဦးဇင်းနတ်ဇော ပြန်လည်လွတ်မြောက်လာ (ရုပ်/သံ)

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားတဲ့ ဆရာတော်အရှင်ပညာဇေတ (ဦးဇင်နတ်ဇော) ဟာ အောက်တိုဘာ ၃၁ ရက်မှာ Buffalo မြို့ မေတ္တာပါရမီကျောင်းသို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း ကဗျာဆရာအောင်ဝေးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။
Read More

ရေစကြိုမှာ ပျူစခန်းကို ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ပျူစခန်းကို ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒီဇင်ဘာ ၂၃ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။