မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။

ည ၉ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ သူ့ရဲ့ သူငယ်ချင်းတယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သူတို့ကလည်း မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။

သံသယရှိသူနဲ့ သူ့ရဲ့မိတ်ဆွေတချို့ဟာ အဆိုပါ စားသောက်ဆိုင်မှာ သွားရောက် စားသောက်ခဲ့ကြပေမယ့် အစားအသောက် အရည်အသွေးကို မကျေနပ်ခဲ့ကြဘဲ အသက် ၄၀ ကျော်အရွယ် သေဆုံးသူနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူတို့နဲ့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ သေဆုံးသူအမျိုးသမီးက အဲဒီလူတွေကို ဆိုင်ကနေ ထွက်သွားဖို့ ပြောခဲ့ကြောင်း သိရပါတယ်။

(ဓာတ်ပုံ NewStraitsTimes)

အဲဒီနောက် သံသယရှိသူဟာ သူ့ရဲ့ အစ်ကိုကို ဖုန်းခေါ်ပြီး စားသောက်ဆိုင်သို့ ပြန်လာကာ အဆိုပါ အမျိုးသမီးစားဖိုမှူးကို ဓားနဲ့ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။

ပီနန်ပြည်နယ် ရဲချုပ် Azizee Ismail က ဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး သံသယရှိသူနဲ့ သူ့ရဲ့အစ်ကို အပါအဝင် မြန်မာအမျိုးသား ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

“သံသယရှိသူဟာ ရန်ဖြစ်ချိန်မှာ အရက်မူးနေတယ်လို့ ယုံကြည်ရပါတယ်။ ဒီကိစ္စကို လူသတ်မှုအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နဲ့ စစ်ဆေးနေပါတယ်” လို့ ရဲချုပ်က ပြောကြားခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ Seberang Jaya ဆေးရုံကို ပို့ဆောင်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

(ဓာတ်ပုံ NewStraitsTimes)

မူရင်းသတင်း – Myanmar Cook Dead, Two Others Injured In Stabbing At Ala Thai Restaurant

0 Shares:
You May Also Like
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မဲပေးသူ အင်မတန်နည်းကြောင်း နိုင်ငံတကာ ပြောဆိုနေကြချိန် စစ်တပ်၏ ရွေးကောက်ပွဲအတု အောင်မြင်သည်ဟု တရုတ် ပြော

ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၆ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်မျိုးကိုမဆို အသိမှတ်မပြုဖို့ တောင်းကိုးရီးရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုလိုက်ပါတယ်။ 
Read More

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ ဒီဇင်ဘာလ ၇ရက် မနေ့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ "နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲ" ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) က ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့ ၃၉ ခု ပါဝင်တဲ့ "စစ်အုပ်စု ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ" တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။