တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ် ခမရ ၅၅၇ တပ်ရင်းက စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁ရက်နေ့က စစ်ကော်မရှင်တပ်သားတွေ တနင်္သာရီမြို့နယ် သမုတ်ချုံးရွာဘက်ကို စစ်ကြောင်းထွက်လာချိန် တပ်သား မောင်ဇုန်း ဆိုသူက အဆိုပါ စစ်ကြောင်းကနေ ထွက်ပြေးကာ တနင်္သာရီမြို့နယ် ပကဖထံ ဆက်သွယ် အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“လှုပ်ရှားထွက်လာတဲ့အချိန် သမုတ်ချုံးရွာအနီးအရောက်မှာ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်ရှိတဲ့နေရာကို စုံစမ်းပြီး ဆက်သွယ်လာပါတယ်” လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်တပ်သား မောင်ဇုန်းဟာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီတပ်ဖွဲ့ရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရကာ စစ်ကော်မရှင်တပ်ထံ ပြန်လည်လွှဲပြောင်းခြင်း ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်သင်တန်း ၂လခွဲ တက်ခဲ့ရပြီး တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် စကခ (၁၃) မှာ မွမ်းမံသင်တန်း ၂ပတ် ထပ်မံတက်ရောက်ရပြီး မြိတ်မြို့ (၁၀၃) တပ်၊ အဲဒီကတဆင့် အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ကို အဆင့်ဆင့် ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။

တပ်သား မောင်ဇုန်းဟာ အလင်းဝင်လာချိန် သူနဲ့အတူ MA1 သေနတ် ၁လက်၊ ကျည်ဘောက် ၅ခုနဲ့ ကျည် ၂၂၀ တောင့် ယူဆောင်လာပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ တပ်ဖွဲ့က သိန်း ၂၀ ကနဦး ချီးမြှင့်ထားတယ်။ MOD က ချီးမြှင့်ငွေ ကျလာရင်လည်း ထပ်ပေးသွားမှာဖြစ်တယ်။ သူက တော်လှန်ရေးထဲ ပါဝင်တိုက်ခိုက်မယ်လို့ ပြောတယ်” လို့ အထက်ပါ တာဝန်ခံက ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအမိန့်ကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေ၊ ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တနင်္သာရီမြို့နယ် ပကဖ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ချိတ်ဆက် အလင်းဝင်ရောက်နိုင်ကြောင်းလည်း အသိပေး တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

STUM ဦးဆောင်သူ အပါအဝင် အဖွဲ့ဝင် ၁၀ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။