မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရေးဘီလူးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ရေးမြို့နယ် လိပ်ပုတ်ရွာကို အကြမ်းဖက်စစ်သားတွေ စစ်ကြောင်းထိုးလာတဲ့အတွက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ အရပ်သားပြည်သူတွေ နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ငါးကလေးချောင်းရွာဘက်ကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

Video – ရေး ဘီလူး

0 Shares:
You May Also Like
Read More

UWSA ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ခိုးယူခံရ (ရုပ်/သံ)

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်ခရိုင် နမ့်တစ်မြို့ရှိ ရွှေဆိုင်မှာ မြေအောက်လှိုဏ်ဂူတူးပြီး ရွှေခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

MBT အထူးကွန်မန်ဒိုရဲဘော်တွေက မြင်းခြံမြို့မှာ ‌သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင်ကို မင်းသိုက်ကို တိုက်ခိုက်ရှင်းလင်းမှု ရုရှားပြန်၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့မှာ သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင် မင်းသိုက်ကို MBT အထူးကွန်မန် ဒိုရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့ရာ ရုရှားပြန် ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံးခဲ့တယ် လို့ Myingyan Black Tiger တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လုယက်လာသည့် စစ်အုပ်စုကို တိုက်ခိုက်မှု ပျူ ၄ ဦးသေဆုံးပြီး စက်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ပြည်သူတွေဆီက စပါးရိတ်စက်တွေ လုယက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် သေဆုံးပြီး စက်တွေကို ပြည်သူထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။