ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်လေယာဥ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က မနေ့ညက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက် ၁၀ နာရီခန့်မှာ အကြမ်းဖက်စစ်ကော်မရှင် ဂျက်လေယာဥ် ၂ စင်းဟာ ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာနဲ့ နွားတင်းကုပ်ကျေးရွာတွေထဲကို ရော့ကတ် ၂ လုံးစီ ရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် နွားတင်းကုပ်ကျေးရွာက အပြစ်မဲ့ ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့သလို ဘာထလေချောင်းအတွင်း သွားလာနေတဲ့ ပြည်သူ ၃ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုကြောင့် စုစုပေါင်း ၅ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တာဖြစ်ပြီး ရွာ ၂ ရွာအတွင်းက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သလို ဘာထလေမြစ်ချောင်းကမ်းဘေးရှိ စက်လှေ ၅ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်မှုနဲ့အတူ ရှမ်းမြောက်ဒေသမှာ TNLA ၊ MNDAA တို့နဲ့ အပစ်ရပ်နိုင်ခဲ့ပြီးတဲ့နောက် သူတို့ရဲ့ စစ်ဆင်ရေးနယ်မြေ ကျုံ့သွားခြင်းကို အခွင့်ကောင်းယူကာ ရခိုင်ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ လေကြာင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် ပြည်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်လက်နက်ကြီးကြောင့် ကျောက်တံခါးတွင် ၆နှစ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီ အထိုင်တပ်တွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ်သား၄ ယောက် သေဆုံးခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF တပ်ရင်း (၂၅) က ရဲဘော်တွေရဲ့ ရှေ့တန်းလှုပ်ရှားမှု မှတ်တမ်းများ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၂၅ က ရဲဘော်တွေရဲ့ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်၊ မင်းလှမှာ စစ်ကောင်စီတပ် ကား ၂ စီးကို တိုင်း ပကဖ က ​အနီးကပ် ခြုံခိုတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။