ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာမှာ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၆ ရက် မနက် ၉နာရီဝန်းကျင်အချိန်မှာ ကြို့ပင်းဝိုင်းရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သလို ချောင်းကောင်းဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဟာ ကျေးရွာအတွင်း မင်္ဂဆောင်ကျင်းပနေတဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်မှုကို စစ်တပ်လက်ဝေခံ ချန်နယ်တွေက PDF မင်္ဂလာဆောင်ကို ဗုံးကြဲတာလို့ ဝါဒဖြန့်မှုတွေ ရှိနေပေမယ့် ဒေသခံတွေကတော့ အရပ်သားပြည်သူ မင်္ဂလာဆောင်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
“PDF မင်္ဂလာဆောင် မဟုတ်ပါဘူး။ ရွာထဲမှာ လုပ်တာပါ၊ အရပ်သား မင်္ဂလာဆောင်ပါပဲ” လို့ ဒေသခံပြည်သူတယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရတဲ့ ကြို့ပင်ဝိုင်းကျေးရွာ အနီးနားမှာ တိုက်ပွဲဖြစ်နေတာလည်း မရှိဘူးလို့ ဆိုပါတယ်။

“ဒီဘက်ကို အကြိမ်မနည်းတော့ဘူးနော် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ…AA ကြောင့်ပေါ့နော် ပြည်ခရိုင်ကို နင်းနေတာ။ ပြီးတော့ ပြည်သူတွေ PDF ကို အားမပေးရအောင် လုပ်နေတာပေါ့။ ပြည်ခရိုင်က ရခိုင်နဲ့ ဆက်စပ်နေတော့ အသေမဲနေတာ။ AA ကလည်း ပဒေါင်း-ဥရှစ်ပင်ဘက်ကိုတောင် ရောက်နေတာကိုး။ အဲ့လိုဆိုတော့ ပြည်မြို့နဲ့ အနီးစပ်ဆုံးနေရာတွေကို မွှေနေတာပေါ့” လို့ အထက်ပါ ဒေသခံက သူ့အမြင်ကို ဆက်ပြောပါတယ်။

မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူ အမျိုးသမီးဟာ အသက် ၃၅ နှစ်အရွယ် မမို့မို့ဝင်းဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၄၂ နှစ်အရွယ် ကိုသန်းဇော်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ကြို့ပင်ဝိုင်းရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ ပေးပို့)

0 Shares:
You May Also Like
Read More

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) နယ်မြေမှာ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

ရခိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တစ်နှစ်တာအတွင်း အဆောက်အအုံ ၁၅၀ ကျော်နဲ့ တံတားအစင်းရေ ၂၈ စင်း ပျက်စီးခဲ့

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံ ၁၅၀ ကျော်လောက် ပျက်စီးခဲ့ရကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးဟု ဆို

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  Shwe Nyar Myae People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။