မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်း မြေနီလမ်းတွင်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ရဲ့ သံချပ်ကာကား ၁ စီးနဲ့ အိမ်စီးကား ၁ စီးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးစိုးကိုကိုမောင်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ ယောက် သေဆုံးပြီး စစ်ယူနီဖောင်း ၁စုံ၊ MA13 ကျည်အိမ် ၁ ခု၊ MA13 ကျည်အတောင့် ၂၀၊ AK ဒင်ခေါက် ၁ လက်၊ 79 ဘယ်ရင် ၁ လက်၊ ၄၀ မမ ၆ လုံးနဲ့ လက်ကိုင်ဖုန်း ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၅) တပ်ရင်းက PDF ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

0 Shares:
You May Also Like
Read More

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပေါက်ကိုယ်တော်အား အရှင်ဆေကိန္ဒ သိန်း ၁၀၀ ပေးအပ်လှူဒါန်း (ရုပ်/သံ)

မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပျူစောထီးတွေ မွေးထုတ်ပြီး အကြမ်းဖက်စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်ပေးနေတဲ့ ပေါက်ကိုယ်တော်ကို အရှင်ဆေကိန္ဒက သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ရုပ်သံဖိုင်ကို ပေါက်ကိုယ်တော်က TikTok အကောင့်ကနေ မျှဝေခဲ့ပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ဟောင်းပေါ် ဆားဂွန်းဂိတ် စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်မှု စစ်သား ၂ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်စစ်ကောင်စီအထိုင်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး‌ သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အမတ ၃၀၂ တပ်ရင်းဆီ လက်နက်ခဲယမ်းပို့ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။