မြန်မာအနေနဲ့ သွေးထွက်သံယိုဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ နိုင်ငံတကာဖိအားတွေ ရှိနေပေမယ့် အာဏာသိမ်း စစ်ကော်မရှင်ကတော့ ရုရှားနဲ့ တရုတ်ဆီကနေ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ ရယူပြီး လေတပ်အင်အားဖြည့်နေတယ်လို့ ပြောပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု တားမြစ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂရဲ့ အဆိုအရ ရုရှားနဲ့ တရုတ်တို့ဟာ မြန်မာစစ်တပ်ကို ဒေါ်လာ သန်းရာပေါင်းများစွာတန်တဲ့ စစ်လက်နက်ပစ္စည်းတွေ အဆက်မပြတ် ထောက်ပံ့ပေးနေတာပါ။

မြန်မာစစ်တပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ရုရှား Mi-38T ရဟတ်ယာဉ် သုံးစီးနဲ့ တရုတ် Y-8 လေယာဉ် နှစ်စီး တို့ကို သူတို့အနေနဲ့ လက်ခံရရှိကြောင်း သိရပြီး ဒီသယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ စစ်အုပ်စုတပ်သားတွေကို တောင်ကုန်းထူထပ်တဲ့ ဒေသတွေဆီ ပို့ဆောင်ဖို့ စစ်ဆင်ရေးတွေအတွက် အသုံးပြုဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

သယ်ယူပို့ဆောင်ရေး လေယာဉ်တွေဟာ “မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကို ပိုမိုခိုင်မာ ကောင်းမွန်စေခဲ့ကြောင်း” နိုဝင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ “လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနား” မှာ မြန်မာစစ်တပ်က ဆိုပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က နေပြည်တော်ရှိ လေတပ်တွင် ရုရှားရဟတ်ယာဉ်များနှင့် တရုတ်လေယာဉ်သစ်များ ခန့်အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့စဉ်(ဓာတ်ပုံ Myanmar Military True News မှတဆင့် AP)

“လက်ရှိ နိုင်ငံတကာ ပဋိပက္ခတွေနဲ့ ပြည်တွင်းအခြေအနေတွေဟာ လေယာဉ်အမျိုးအစားအားလုံးရဲ့ မရှိမဖြစ် အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်” လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုကြောင်း သူ့ရဲ့ရုံးက ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေးဌာန (IISS) ရဲ့ စင်ကာပူအခြေစိုက် လေ့လာသူ Morgan Michaels က “မြန်မာစစ်တပ်အနေနဲ့ စီးပွားရေးနဲ့ သံတမန်ရေး ဖိအားတွေအကြား လိုအပ်တဲ့ လက်နက်တွေ ဆက်လက်ရရှိနေနိုင်တာကို တွေ့ရပြီး ရုရှားဟာ အရေးပါတဲ့ အသက်သွေးကြောဖြစ်နေတယ်” လို့ သုံးသပ်ခဲ့ပါတယ်။

ရုရှားရဲ့ Mi-38T ရဟတ်ယာဉ်ကို ပထမဆုံး ဝယ်ယူတဲ့နိုင်ငံဟာ မြန်မာဖြစ်တယ်လို့ စစ်ဘက်-ထောက်လှမ်းရေးကုမ္ပဏီ Janes က ဖော်ပြပါတယ်။

“စစ်ကော်မရှင်က အခုလို ပြင်ဆင်နေတာဟာ လေကြောင်းအင်အားကို ပိုမိုအားကိုးပြီး နိုင်ငံတဝန်းက စစ်ဆင်ရေးတွေကို ပိုတိုးမြှင့်သွားမယ်ဆိုတာကို ညွှန်ပြနေတယ်” လို့ စစ်ရေးကျွမ်းကျင်သူများအဖွဲ့ Military Expertise for Democratic Reform က ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ်တွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေဆီ နယ်မြေအများအပြား ဆုံးရှုံးခဲ့ပေမယ့် စစ်တပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းအင်အား အသာစီးနေမှုကို အသုံးချပြီး အဆက်မပြတ် ဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၈ မှာစမယ့် ရွေးကောက်ပွဲတွေမတိုင်မီ အတိုက်အခံတွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေလည်း အရှိန်မြှင့်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ခြောက်လအတွင်း တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးတလျှောက် ရှမ်းမြောက်ဒေသက လားရှိုးမြို့ အပါအဝင် အဓိက မြို့ကြီးလေးမြို့ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ နောက်ဆုံးပတ်မှာလည်း တရုတ်ဖိအားကိုသုံးပြီး တအာင်းတပ် (TNLA) နဲ့ အပစ်ရပ်ကြေညာကာ မိုးကုတ်အပါအဝင် မြို့နှစ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က နေပြည်တော်ရှိ လေတပ်တွင် ရုရှားရဟတ်ယာဉ်များနှင့် တရုတ်လေယာဉ်သစ်များ ခန့်အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့စဉ်(ဓာတ်ပုံ Myanmar Military True News မှတဆင့် AP)

မူရင်းသတင်း – Myanmar military takes delivery of helicopters and aircraft from Russia and China

0 Shares:
You May Also Like
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုနှင့် မပတ်သက်ဘဲ မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်စေလိုကြောင်း ကိုရီးယားသမ္မတရုံးကို တောင်းဆိုစာပေးပို့

ဒီနေ့မှာ ကျရောက်တဲ့ ၃၇ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တောင်ကိုရီးယား၊ ဆိုးလ်မြို့က သမ္မတရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကိုရီးယားအစိုးရကို အိတ်ဖွင့်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အရေး ဦးစားပေးဆောင်ရွက်မယ်လို့ မလေးရှားပြော

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အဓိကစိန်ခေါ်မှုတွေအတွက် အဖြေရှာဖို့နဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ ချန်လှပ်မထားစေရေး ဦးစားပေးလုပ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ပြောဆိုထားတယ်လို့ Khmer Times သတင်းက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။
Read More

ကန်ချနဘူရီမှာ ယာဉ်မတော်တဆမှုကြောင့် မြန်မာ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီခရိုင်မှာ ဇန်နဝါရီလ ၈ ရက် မနက်အစောပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁ ယောက် သေဆုံးပြီး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။