စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာကား ၈ စီးနဲ့ ကြေးနီတင်တွဲကား ၂၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Heart Army -BHA က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ သံပြားကားတွေနဲ့ ကြေးနီတင်တွဲကားတွေကို ပဒေသာမိုင်း ၅ လုံး တစ်ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် တွဲကားတွေဟာ ခင်မွန်ရွာဘက်စုံခြံအနီး ထိုးရပ်သွားပြီး တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ၆ ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့လည်း ဆိုပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို မုံရွာမြို့က ကျန်းမာရေးယာဉ် ၄ စီးနဲ့ အနောက် မြောက်တိုင်းစစ်ဌာနချုပ်သို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BHARE HEART ARMY-BHA က ဦးဆောင်ပြီး CHINDWIN FIGHTER GROUP.CFG နဲ့ MONYWA DYNAMITE .STF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

Video – Brave Heart Army -BHA

0 Shares:
You May Also Like
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပျော်ဘွယ်မြို့နယ် ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဖျာရွာသစ်ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးခဲ့တယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ကျင်းပ (ရုပ်/သံ)

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းအခမ်းအနား ပုံရိပ်တွေကို Karenni of Wolf Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မှာ အရက်မူးနေတဲ့ ကားသမားကြောင့် လူ ၁ ဦး သေဆုံး (ရုပ်/သံ)

ထိုင်းနိုင်ငံ  စမွတ်စခွန်ခရိုင် မှာ အရက်မူးနေတဲ့ မြန်မာကားသမားကြောင့် မြန်မာ ၁ ဦး သေဆုံးခဲ့ပါတယ်။
Read More

တောင်ညိုစစ်ကြောင်းမှ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုစစ် ကြောင်းရဲ့ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းရုပ်သံကို ထုတ်ပြန် လိုက်ပါတယ်။