ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်အနီး ဟိုဟမှာ MNDAA တပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေတို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ဟာ လားရှိုးမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ ဖိအားကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ လားရှိုးကို စစ်တပ်ထံကို ပြန်လည်ပေးအပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် NMDAA ဟာ လားရှိုးမြို့ကိုသာ စစ်တပ်တပ်ထံ ပြန်ပေးခဲ့ပြီး လားရှိုးမြို့ ပတ်ပတ်လည်က ကျေးရွာတွေမှာ တပ်စွဲထားတာပဲ ဖြစ်ပါတယ်။ 

အခုဖြစ်တဲ့ သေနတ်ပစ်ဖောက်မှုဟာလည်း စစ်တပ်ဟာ MNDAA တပ်စွဲထားတဲ့ နမ်ပေါင်-ဟိုဟက ကျေးရွာတွေကပါ MNDAA တပ်တွေကို ဆုတ်ခွာပေးဖို့ ဖိအားပေးလာတာကြောင့် ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

“စစ်တပ်က မိုင်းရယ်ရော… ဟိုယရောပေါ့နော် ပြီးရင် လားရှိုး-သီပေါ လမ်းပိုင်းက ကိုးကန့်တပ်တွေကို ဆုတ်ခိုင်းနေတာ သေချာပါတယ်။ စစ်တပ်ဘက်ကသာ ဆက်ပြီးတော့ တင်းမယ် ဆိုရင်တော့ ထိတွေ့မှု ဖြစ်နိုင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်ဖြစ်တဲ့ AA ၊ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေဖြစ်တဲ့ လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

“မ‌နေ့ကလည်း ကူမင်းမှာ အကြီးအကျယ်ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ MNDAA နဲ့လား… TNLA နဲ့လားတော့ မသိရသေးဘူး။ ၂ဖွဲ့လုံးနဲ့လည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ စစ်တပ်ဘက်ကတော့ ကိုကိုဦး ဦးဆောင်တဲ့ အဖွဲ့တွေ ရောက်နေကြပြီ” လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်တပ်ဟာ မိုးကုတ်ဘက်ကို အာရုံစိုက် မျက်စိကျနေပြီး ရှမ်းမြောက်ဘက်မှာ အင်အားတွေ လျှော့ထားတာကြောင့် လက်ရှိအချိန်ဟာ ညီနှောင်မဟာမိတ်တပ်တွေအနေနဲ့ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ အကောင်းဆုံးချိန်ဖြစ်တယ်လို့လည်း မှတ်ချက်ပြုထားပါတယ်။

0 Shares:
You May Also Like
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင် ဝင်ပြိုင်သူများကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆို 

ကရင်နီပြည်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်သွားမယ်လို့ ကရင်နီပြည်လူငယ်ထုတွေက ဆိုလာပါတယ်။ 
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။