ဘေးဘရာတွေ ကင်းဝေးဖို့ ဘယာကြော်ကျွေးနေတယ်လို့ ပြောဆိုကာ မဲဆွယ်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP အမတ်လောင်းတစ်ယောက်ရဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ဘယာကြော်တွေကို အကုန်လုံးဝယ်ပြီး လာသမျှသူအကုန်လုံးကို ကျွေးမယ်လို့ PPP အမတ်လောင်းက ပြောဆိုတာကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။

”ဘေးဘရာတွေ ကင်းကွာသွားအောင် ဝေးကွာသွားအောင် ဘယာကြော်ကျွေးတာ။ ဘေးဘရာတွေ ဝေးကွာပြီးတော့ ကျန်းမာချမ်းသာဖို့ ရွှေမိုးငွေမိုး ရွာပေးသေးတယ်” လို့ ဆိုကာ မင်္ဂလာတောင်ညွန့်မြို့နယ် အမတ်ဖြစ်တဲ့အကြောင်းကိုလည်း မိတ်ဆက်သွားပါသေးတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)ပါတီ ဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်ကိုတော့ 68 Residence အိမ်ရာစီမံ ကိန်းအတွက် ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးယူခဲ့ကာ ပြန်ဆပ်နိုင်ခြင်းမရှိတဲ့အတွက် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

Sky Villa အိမ်ရာနှင့် Great Wall Hotel မှာ ပိတ်မိနေတဲ့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်သည် အပါအဝင် ၄ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန် (ရုပ်/သံ)

ဒီနေ့ မတ်လ ၃၁ ရက် မနက် ၅ နာရီခွဲဝန်းကျင်နဲ့ ၆ နာရီ မိနစ် ၂၀ တို့မှာ မန္တလေးမြို့ Sky Villa အိမ်ရာမှာ နာရီပေါင်း ၆၀ ကျော်ကြာ ပိတ်မိနေတဲ့ ကလေးငယ် ၁ ယောက်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်အပါအဝင် ၃ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်းအခြေစိုက် စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်မှာ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းမြာကြီးရွာဘုန်းကြီးကျောင်းကို ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် ငါးဇွန်မြို့နယ် ငါန်းမြာကြီးမြို့အရှေ့ဘက် လယ်တီဘုန်းတော်ကြီးကျောင်းအတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေခဲ့တယ်လို့ ငါန်းမြာကြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးက ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါ တယ်။
Read More

လေးကေ့ကော်မြို့နယ် စွယ်တော်ကုန်းတိုက်ပွဲမှာ အသက်ပေးလှူသွားတဲ့ Cobra Column 2 VENOM ရဲဘော်သောင်းလှအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် သောင်းလှကျဆုံးခဲ့ရတယ်လို့ Cobra Column 2 VENOM ထံက သိရပါတယ်။