စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ SNA တပ်တွေက လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေရှိရာနေရာအထိ တိုးကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၅ ရက် မနေ့ကမနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က Y12 လေယာဥ်နဲ့ ဗုံးသီးအလုံး ၆၀ နီးပါးကို တော်လှန်ရေးတပ်တွေရှိရာဆီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ န.တ.လ စခန်းကုန်းနားအထိ SNA တပ်တွေ တိုးကပ်လာခဲ့ပြီး အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာကြောင့် တော်လှန်ရေးတပ်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် အသေခံဒရုန်းများ

SNA နဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေကို ကသာခရိုင်တပ်ရင်း (၄) အပါအဝင် PDF တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲအတွင်း SNA နဲ့ စစ်အုပ်စုတွေရဲ့ အသေခံ ဒရုန်း ၃စင်းကိုလည်း တော်လှန်ရေးတပ်တွေ ရရှိခဲ့ပါသေးတယ်။

“ကျနော်တို့တပ်က နယ်မြေခံတပ်ရင်းဆိုတော့ အဓိကပေါ့ဗျာ။ ဒရုန်းတွေရတာက ဒီအတိုင်းမကွဲလို့ပါ။ ကျန်တာတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး” လို့ ကသာခရိုင်တပ်ရင်း ၄ တာဝန်ရှိသူ က မောင်းကို ပြောပါတယ်။

ဗန်းမောက်မြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ SNA နဲ့ အကြမ်းဖက်စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာတာတွေကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် အသေခံဒရုန်းများ
စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် အသေခံဒရုန်းများ
0 Shares:
You May Also Like
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

Burma Revolution Rangers တပ်ဖွဲ့မှ ကျဆုံးရဲဘော် ၂ ဦး၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့ Burma Revolution Rangers က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ မိသားစုဝင်တွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

SSLRU ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ရှမ်းတောင်ဒေသ တ‌စ်နေရာမှာ ဒီဇင်ဘာလ (၂၀) ရက် ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

NUG စိုးမိုးထိန်းချုပ် ဧရိယာများတွင် ရွေးကောက်ပွဲ လုပ်ရန် ကြိုးစားမည့် စစ်ကော်မရှင်က ပြည်သူများကို ပိုမိုဒုက္ခပေးလာနိုင်ကြောင်း NUG ဝန်ကြီးချုပ် သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားလာမယ့် အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ပိုမိုဒုက္ခပေးလာဖွယ်ရှိတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။