အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေ၊ စလင်းမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်လုပ်ကိုင်နေတဲ့ စစ်တပ်လက်အောက်ခံ မြို့နယ်ရွေးကောက်ကော်မရှင်အဖွဲ့ဝင် သက်ဝေထွန်းကို ဖမ်းဆီးကာ အရေးယူဖို့ လုပ်ဆောင်နေကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရားလွှတ်တော်ရှေ့နေ တစ်ယောက်လည်းဖြစ်တဲ့ သက်ဝေထွန်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်ပါဝင်နေတာဟာ ပြည်သူအပေါ် အကြမ်းဖက်မှုမြောက်တယ်လို့ ဆိုထားပါတယ်။

သက်ဝေထွန်းကို ပြည်သူတွေရဲ့ သတင်းပေးပို့ ပူးပေါင်းမှုကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့အတွက် စလင်းမြို့နယ် တရားရေးအဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ရက်မှာ စစ်ကော်မရှင် ရွေးကောက်ပွဲအတွင်း ပါဝင်ခြင်းမပြုဖို့ ထုတ်ပြန်ထားသလို NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့လည်း အဆိုပါ အတုအယောင် ရွေးကောက်ပွဲအတွက် အတင်းအကြပ် မဲပေးစေခိုင်းသူတွေကို တိုင်ကြားနိုင်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို Telegram – https://t.me/publicnugmohai ကတဆင့် တိုင်ကြားနိုင်ကြောင်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် အမျိုးသား ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရုပ်အလောင်းကို ချက်ချင်းမကောက်ရဲတာကြောင့် ၃ရက်ကြာမှ သင်္ဂြိုဟ်ရ

ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲမှုကို ထွက်ပြေးတဲ့ အမျိုးသားတစ်ယောက်ကို စစ်ကော်မရှင်တပ်သားတွေက လိုက်လံပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဒါကျေးရွာက ကိုအောင်နိုင်စိုးဟာ စစ်ကော်မရှင်တပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက် ကြောက်လန့်ပြီးထွက်ပြေးစဉ် မအူတန်းရွာ နဲ့ ကြို့ကိုးပင်ရွာကြားရှိ ဆည်မြောင်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။