စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ကလေးတောင်ပိုင်းရှိ နတ်ချောင်း၊ နတ်မြောင်း၊ ရွာသာ၊ ကြာအင်း၊ ထောက်ကြံ့၊ သာယာကုန်း အစရှိတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ရှောင်တိမ်းနေကြတဲ့အတွက် စစ်ကော်မရှင်တပ်သားတွေက အဆိုပါ ကျေးရွာတွေထဲနဲ့ ရွာပြင်တွင်မှာ ကင်းပုန်းဝပ်ပြီး နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

အခုလို ကင်းပုန်းဝပ်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ စပါးရိတ်သိမ်းချိန်၊ ပဲရိတ်သိမ်းချိန် ရောက်လာပေမယ့် ပြန်လည်ရိတ်သိမ်းနိုင်ခြင်းမရှိဘဲ စပါးနဲ့ ပဲတွေ ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်။

“အခြေအနေက မကောင်းဘူး။ လုံးဝပဲ။ စပါးရိတ်ချိန်ဆိုတော့လေ.. စပါးတွေလည်း ပြန်မရိတ်ဖြစ်ဘူး။ အဲဒီအနီးနားမှာပဲ ကင်းပုန်းဝပ်နေတာ၊ သူတို့က ရွာမှာနေတယ်၊ ရွာကနေ တောထဲကို အဖွဲ့အစည်းတွေ လာမလာဆိုပြီး စောင့်ကြည့်ပြီး ကင်းပုန်းဝပ်ကြတာလေ။ တချို့က စပါးတွေ မှည့်တဲ့အခါဆိုတော့ ရေတွေထည့်ကြတယ်။ ရေတွေ သွားထည့်ရင်လည်း ဖမ်းကြတယ်။ စစ်ဆေးမေးမြန်းတာ မရှိဘူး” လို့ စစ်ရှောင်တစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု ကလေးတောင်ပိုင်းကို ဝင်ရောက်ချိန် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတချို့ဟာ နေအိမ်ပြန်လာပြီး ကျန်ခဲ့တဲ့ တိရစ္ဆာန်တွေကို အစာလာကျွေးချိန် စစ်သားတွေနဲ့တိုးပြီး ဒေသခံ ၄ယောက် အသတ်ခံလိုက်ရပါသေးတယ်။

ကလေးဝောာင်ပိုင်းရှိ စစ်ရှောင်ပြည်သူများ

အဆိုပါ စစ်သားတွေဟာ ကျေးရွာတွေထဲ ကင်းချပြီး နေထိုင်နေတဲ့အတွက် ဒေသခံတွေ တောတွေ၊ တောင်ကုန်းတွေနဲ့ ဘုရားကျောင်းတွေမှာ ရှောင်တိမ်းနေကြရကာ တချို့ကလည်း တောထဲမှာ ပိတ်မိပြီး စားသောက်ဖို့ ခက်ခဲတာကြောင့် အရဲစွန့်ကာ လယ်ကွင်းတွေထဲကနေ ထွက်ပြေးလာတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

“သာယာဝတီလမ်းခွဲ အဲဒီအနီးနားရယ်၊ သာယာကုန်း၊ တွင်းချောင်း၊ ထောက်ကြံ့၊ ကြာအင်း၊ နတ်မြောင်း၊ နတ်ချောင်း အကုန်လုံး စစ်ရှောင်ရတယ်။ ၃ပတ်နီးပါးရှိပြီ။ နေထိုင်စားသောက်ဖို့က အဆင်မပြေဘူး။ စီပါရဲ့ အနောက်မှာ တချို့က ပိတ်မိနေတာ တစ်ဖွဲ့ရှိတယ်။ စစ်ဘေးရှောင် ၈၀၀ လောက်ရှိတယ်။ သူတို့က တောင်ပေါ်ပြန်တက်ပြီး လယ်ကွင်းကနေ ပတ်ပြီးတော့ ကျနော်တို့နေရာဘက်ကို ပြန်လှည့်လာတယ်။ တချို့ကလည်း ပိုက်ဆံမရှိတော့ ဘုရားကျောင်းတွေမှာ ပြန်နေကြတယ်” လို့ အထက်ပါ စစ်ရှောင်ပြည်သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ကာကွယ်ရေးတပ်ဖွဲ့တွေရှိမယ်ထင်တဲ့ ကျေးရွာတွေဘက်ကို တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပါသေးတယ်။

ကလေးဝောာင်ပိုင်းရှိ စစ်ရှောင်ပြည်သူများ
0 Shares:
You May Also Like
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရှောင်တွေကို ဖမ်းသွားတဲ့ PDF အယောက်ဆောင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ယောက် သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ PDF အယောင်ဆောင်ပြီး စစ်ရှောင်အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကနီပညာရေးတာ၀န်ခံ မတရား သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးတာဝန်ခံ မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ CDM များ လုံခြုံမှုရှိရေး ရေဦးမြို့နယ် ‌ကြားကာလတက္ကသိုလ်ကျောင်းသူကျောင်းသားများက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။