မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုက လေယာဥ်နဲ့ ရိက္ခာဖြည့်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေသလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ စစ်အုပ်စုဟာ ဓားစာခံအရပ်သား၃ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ မြို့နဲ့ ၄မိုင်အကွာက စက်မှု (၂) ခေါ် မြိုင်အခြေစိုက် တကစ(၂) စက်ရုံထဲမှာ အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်ရောက်လာချိန်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာမျိုး မလုပ်ဆောင်နိုင်စေဖို့ စစ်ကော်မရှင် ပခုက္ကူတပ်မ ၁၀၁ တပ်က ပါရာမော်တာတွေနဲ့ ကျေးရွာတွေဆီ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ရက်၊ ဒီနေ့ နေ့လည်ပိုင်းမှာတော့ စစ်အုပ်စုဟာ မြိုင် စက်မှု ၂ ထဲမှာရှိနေတဲ့ စစ်ကြောင်းအတွက် Y8 လေယာဥ်နဲ့ ရိက္ခာထုတ် ၃၈ အထိ ချပေးခဲ့တယ်လို့သိရပါတယ်။

ပုံစာ- စစ်ကော်မရှင်တပ်မှ တိုက်လေယာဥ်တစင်းကို တွေ့ရစဥ်(ပုံဟောင်း)

“စစ်ကြောင်းအတွက်ပဲလား။ ကျန်ခဲ့မယ့်သူတွေအတွက်ပဲ ချပေးသလားတော့မသိဘူး။ စစ်ကြောင်းမထိုးတာ ကြာပြီ၊ ပြီးခဲ့တဲ့ ၂လပိုင်းက နောက်ဆုံးထိုးတာ အခုပြန်ထိုးတာပေါ့။ သူတို့ရဲ့ပုံမှန်အစီအစဥ်ထဲက တစ်ခုလိုလို့မို့ လာတာဖြစ်မယ်။ ရွေးကောက်ပွဲကြောင့်တော့ မဟုတ်ဘူး။ စစ်ကြောင်းက ဘယ်လောက်ကြာမလဲတော့ မသိဘူး” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် မြိုင်မြို့နယ် အနောက်တောင်ပိုင်းက ကျေးရွာ ၁၅ ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရပြီး လေကြောင်းအန္တရယ်ကိုလည်း ကြောက်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်တောင်ပိုင်းကိုလည်း စစ်အုပ်စုက နိုဝင်ဘာ (၁၄)နဲ့ (၁၅) ရက်နေ့တွေမှာ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာလ ၁၄ရက် မနေ့က ကလေးနယ်တောင်ပိုင်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ၄ ကြိမ်၊ Y 12 ၁စီး ၁ကြိမ်နဲ့ ဗုံးအလုံးရေ ၃၀ ကျော်အထိ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ ကပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၅ ရက်၊ ဒီနေ့နေလည်ပိုင်းမှာလည်း တံတားဦးလေဆိပ်တက် A- 5 Bomber Jet ၁စီးနဲ့ ကလေးနယ်တောင်ပိုင်းကိုပဲ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ တောင်သာ ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။