တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၄၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကို CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၄ ရက် မနေ့မှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ စစ်သုံ့ပန်းတွေအပြင် ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တာလည်းဖြစ်ပါတယ်။

Video-Tin Lin Aung
0 Shares:
You May Also Like
Read More

ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီမြို့ပေါ် စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၃ ရက်ဆက် ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ Chindwin Rocket Brother အဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့မှုအဖြစ် အီရန်က ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး အစ္စရေးကို ပြန်လည်တိုက်ခိုက် (ရုပ်/သံ)

အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးနာမည်နဲ့ လုပ်‌ဆောင်ပြီးနောက်မှာ အီရန်က လက်တုံ့ပြန်မှု အဖြစ် ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဖြူးမြို့နယ် စိုးမိုးနယ်မြေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စုကို ဒရုန်းဗုံးကြဲခဲ့သည့်ရုပ်သံ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင် ထုတ်ပြန်

အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ PNA တပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်လိုက်ပါတယ်။