တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာကို တစ်ပတ်ကြာ ကြိုသိခဲ့ပေမယ့် စစ်တပ်တာဝန်ရှိသူတွေက ဘာမှပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးလို့ မောတောင်စခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။

မောတောင်မြို့မှာ တာဝန်ကျနေတဲ့ တပ်ရင်းမှူးဟာ နာမည်စာရင်းသာရှိပြီး ဒုတပ်ရင်းမှူးက တပ်ရင်းမှူးတာဝန်ယူထားကာ နှီးဘုရားကုန်းစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဒုတပ်ရင်းမှူးလည်း နယ်စပ်ကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

” တပ်ရင်းမှူး မရှိလို့ သူက ခေတ္တတပ်ရင်းမှူးလုပ်နေတဲ့သူက သူကအောက်ခြေရဲဘော်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ငါဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အစီအစဥ်တွေ သူ့မှာ မရှိဘူး။ သူတောင်မှ ကိုယ်လွတ်ရုန်းပြီးပြေးတယ်။ လက်နက်ငယ်လေး ၁ လက်ပါသွားရင်တောင် စစ်တပ်မှာ သေဒဏ်ပေးမှာ… ဒါတွေပါထားခဲ့တယ် (လက်နက်ကြီးတွေကို ရည်ညွန်း၍)၊ မင်းအောင်လှိုင်လည်း ဒီအတိုင်းပါပဲ” လို့ CDM ဗိုလ်မှူး တင်လင်းအောင်က (ဖမ်းဆီးမိတဲ့စစ်သုံ့ပန်းတွေနဲ့ တွေ့ဆုံစကား‌ပြောဆိုခဲ့စဥ်က ပြောဆိုခဲ့ကြတာ‌တွေကို) သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Video-Tin Lin Aung
0 Shares:
You May Also Like
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကြွယ်ပုံပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျုစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင် ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Wolf. (P.D.F) ထံက သိရပါတယ်။
Read More

စစ်တပ်က ပြည်သူ့စစ်များကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေကြောင်း အလင်းဝင် ပြည်သူ့စစ် ပြော (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်တွေကို လူသားဒိုင်ကာအဖြစ် တိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့ ခလရ ၆၀ (ကျောက်ကြီး) မှ လက်နက်မဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် ကိုဇော်မင်းခိုင်ရဲ့ ပြောကြားချက်ကို ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ပျူခေါင်းဆောင် သီတာယုမွန်နှင့် စစ်အုပ်စု စခန်းချထားသည့် နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းရှိ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ စစ်အုပ်စု အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီး အကြိမ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက သတင်းထုတ် ပြန်ပါတယ်။
Read More

ခလရ ၂၅၈ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

နွားထိုးကြီး ပြင်စည်ကျေးရွာက ရဲစခန်းကို ရော့ကတ်တွေနဲ့ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။