ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ရင်းများ ထိတွေ့တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ရာ၊ စစ်အုပ်စုဝင် ၂၀ ခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း နှစ်ဖက်ပစ်ခတ်မှုပြင်းထန်နေချိန်အတွင်း သတိလစ်မေ့မျောနေတဲ့ ရဲဘော်ကို သွားရောက်ကယ်ထုတ်တဲ့ ရဲဘော်မိုးသီး ဗိုက်ကိုကျည်ထိမှန်ခဲ့ပြီး၊ ရရှိတဲ့ဒဏ်ရာနဲ့ ၂ရက်အကြာမှာ ကျဆုံးခဲ့ရတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ရက်နေ့မှာ ကရင်ချောင်းမြစ်ကူးတံတားအတိုင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ရင်း (၃၅၀၄) တို့ ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတားပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

အကြမ်းဖက်စစ်ကြောင်းကို (ဒတရ-၆၀၄)တပ်က တပ်နယ်စစ်ဆင်ရေးအဖြစ် ဦးဆောင်လာတာဖြစ်ပြီး ခလရ-၂၆၊ ခမရ-၂၉၊ ခလရ-၃၉၊ စခန-၈၄၈နဲ့ ကကနက် စတဲ့ အင်အား ၁၄၀ ကျော်ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ဖွဲ့ဝင်များ အချိန် (၃)နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၅ယောက်သေဆုံးခဲ့သလို အထိနာသွားတာကြောင့် ဂျိုင်ရိုကော်ပတာ၊ ဒရုန်းနဲ့ လက်နက်ကြီးတွေအပြင် လေယာဥ်ပစ်ကူတွေနဲ့ပါ တိုက်ပွဲဖြစ်ရာနေဆီ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားရာနေရာဆီကို နေပြည်တော်စစ်တိုင်းလက်အောက်ခံ PDF တပ်ရင်းတွေနဲ့ KNU တပ်မဟာ ၂ တပ်ရင်း (၅) လက်နက်ကြီးအဖွဲ့၊ စနိုက်ဘာအဖွဲ့တွေရောက်ရှိလာပြီး အကြမ်းဖက်စစ်ကြောင်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီတကြိမ်မှာလည်း အချိန် (၂) နာရီကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား၁၅ ယောက်သေဆုံးကာ ၅ယောက်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

” တိုက်ပွဲက ၂ကြိမ်ဖြစ်တာ၊ ပထမတစ်ကြိမ်ဖြစ်တော့ သူတို့(စစ်တပ်) ဘက်က ၅ယောက်သေပါတယ်။ ကျနော်တို့ ပူးပေါင်းတပ်တွေ ရောက်လာချိန်ဆက်ဖြစ်တော့ ၁၅ ယောက်ထပ်သေပြီး ၅ယောက်ဒဏ်ရာရပါတယ်” လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်စုဘက် ပစ်ခတ်လိုက်တဲ့ ကျည်ဆံကျည်ကာပြားကိုထိမှန်ပြီး သတိလစ်မေ့မျောသွားတဲ့ နေပြည်တော်တိုင်းစစ်ဌာနက တပ်ဖွဲ့ဝင်ကို သွားရောက် ဆွဲထုတ်ရာက တပ်ရင်း ၃၅၀၄ရဲ့ ရဲဘော် မိုးသီး ကျည်ထိမှန်ကာ စိုးရိမ််ဒဏ်ရာရရှိခဲ့ကြောင်း၊ ရရှိတဲ့ အဲ့ဒီဒဏ်ရာနဲ့ပဲ အောက်တိုဘာလ ၂၇ရက်နေ့မှာ ကျဆုံးသွားကြောင်း တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက ပြောပါတယ်။

“ရန်သူပစ်လိုက်တဲ့ကျည်က ရဲဘော်တစ်ယောက်ရဲ့ကျည်ကာကို ထိမှန်ပြီး အဲ့ရဲဘော်က သတိလစ်သွားပါတယ်။ အဲ့အချိန် ရဲဘော်မိုးသီးကသွားပြီး ကူညီသယ်ထုတ်ပေးတာပေါ့။ အဲ့အချိန်မှာပဲ ရန်သူ့ကျည်က သူ့ဗိုက်ကို ထိသွားတယ်။ အဲ့ဒဏ်ရာနဲ့ပဲ ၂၇ ရက်နေ့မှာကျဆုံးပါတယ်” လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကို စဥ်ဆက်မပြတ်လုပ်လေ့ရှိတဲ့ စစ်တပ်က အဆိုပါတိုက်ပွဲအပြီးမှာ ပိန္နဲပင်၊ ကဲလင်းဆိပ်နဲ့ ရွှေသောင်ရွာသစ်တို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

NUG အပေါ် ဝေဖန်မှုများအား အလုပ်နှင့်သက်သေပြကာ ချေပနိုင်စွမ်းရှိရမည်ဟု အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုတွေဟာ ပြည်တွင်းရေးအခြေအနေတွေကို ပဋိပက္ခသက်ဆိုးရှည်အောင် အပံ့အပိုးဖြစ်နေတာ တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  ပြောကြားလိုက်ပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

မိုးကုတ်မြို့ ဖူဆယ်ကွင်းကို အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၃ ဦး သေဆုံး၊ ၁၂ ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် သေဆုံးပြီး ကလေး အပါအဝင် ၁၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

စလေမြို့တွင် ပျူစောထီးခေါင်းဆောင် ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတုကို ‘တရားမျှတသိက္ခာရှိတဲ့ ရွေးကောက်ပွဲ’ ဟု မင်းအောင်လှိုင်က သူ့ဗိုလ်လောင်းများနှင့်တွေ့စဥ် အရှက်တရားကင်းစွာ သုံးနှုန်းပြောကြား

တိုင်းပြည်အာဏာကို မတရားသဖြင့် သိမ်းယူပြီး နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် ပြည်သူပေါင်း ၃၀၀၀၀ ကျော်ကို မတရား ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတို့စစ်တပ် ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို “တရားမျှတ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ” လို့ အရှက်တရား ကင်းမဲ့စွာ သုံးနှုန်းပြောကြားလိုက်ပါတယ်။
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။