စစ်ကော်မရှင်အလိုကျ ပြည်သူတွေကို ပေါ်တာဆွဲကူပေးနေတဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ထဲက ရပ်ကျေးဥက္ကဌတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်PDFအဖွဲ့ဆီက သိရပါတယ်။

တောင်ကျောင်းကျေးရွာမှာ ရပ်ကျေးဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသောင်းဝင်း(ခေါ်) ဦးသန်းဝင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။

ဦးသောင်းဝင်း(ခေါ်) ဦးသန်းဝင်းဟာ စစ်ကော်မရှင်အလိုကျ ပြည်သူများဆီက ဆက်ကြေးလစဥ်ကောက်ခံပေးခြင်း ကျေးရွာနေ ပြည်သူတွေကို ပေါ်တာဆွဲကူပေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူများအပေါ် အဓမ္မလုပ်ဆောင်နေတာကို နတ်မောက်ဂဠုန် PDFအဖွဲ့က သတိပေးခဲ့ပေမဲ့ လိုက်နာခြင်းမရှိပဲ ဆက်လက်လုပ်ကိုင်တာကြောင့် အခုလိုပစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက သတိပေးထားတာရှိပါတယ်၊ စစ်တပ်ကို ငွေကြေးကောက်ခံပေးတယ်၊ သတင်းပေးလုပ်တယ်၊ ပြီးရင်တော့ စစ်တပ်က အဆင်သင့်စောင့်ဖမ်းတော့တာပဲ” လို့ နတ်မောက်ဂဠုန်PDFအဖွဲ့ ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဦးသောင်းဝင်း (ခ) ဦးသန်းဝင်းဆီကနေ ပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေကျပ် ၆၈၀၀၀၀ကျပ်နဲ့ ဖုန်းတစ်လုံးကို သက်သေခံပစ္စည်းအဖြစ် သိမ်ဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

” သူ့ကိုရှင်းလင်းပြီးမကြာမီ ‌ေ-ွးတွေ ရောက်လာတယ်၊ ကျနော်တို့တွေမနည်း ဆုတ်လိုက်ခဲ့ရတယ်၊ စစ်တပ်က သူတို့အုပ်ချုပ်ဖို့အတွက် ဒီထွေအုပ်တွေကို အဓိက အသုံးချတာလေ၊ အဲဒါကြောင့် ကျနော်တို့က စစ်အုပ်စုရဲ့ ထွေအုပ်တွေကို ရအောင်ဖြိုမှာပါ၊ ဖြိုလည်းဖြိုနေပါပြီ” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

မိဘပြည်သူများအနေနဲ့ မိမိတို့ရဲ့ ကျေးရွာအတွင်းမှာ စစ်အုပ်စုထောက်တိုင်တွေက အဓမ္မလုပ်ရပ်တွေ လုပ်ဆောင်တာတွေ တွေ့ရှိခဲ့ရင် နတ်မောက်ဂဠုန် PDFအဖွဲ့ကိုဖြစ်စေ၊ အခြားသောအဖွဲ့များထံကိုဖြစ်စေ တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 
Read More

ကန့်ဒေါင့်ရဲစခန်းကို စစ်ကောင်စီတပ် လေကြောင်းပစ်ကူတိုက်ခိုက်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့သည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး PLA က အမျိုးသမီး ရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်တွင် စစ်ကောင်စီ၏ တိုက်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ တိုက်တင်းကို ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

လွတ်မြောက်လာသည့် ကရင်နီ နိုင်ကျဉ်းများအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဟု KPPA ထုတ်ပြန်

ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ဟာ အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားတွေကို လိုအပ်တဲ့ အကူအညီတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ ရရှိသွားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။