လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ ရာထူးကို ဖိလစ်ပိုင်က လွှဲပြောင်းယူတော့မှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရေဆာ လာဇာရိုကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာလ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။

၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန်ယူမှုအပေါ် စတင်ကြေညာတဲ့ အခမ်းအနားမှာ မားကို့စ်က ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆွေးနွေးမှု၊ နိုင်ငံတကာဥပဒေကို လိုက်နာမှုနဲ့ သမားရိုးကျ နဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကတဆင့် ဆက်လက် ဦးဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဆွေးနွေးရေးကို ဖော်ဆောင်တာဟာ အာဆီယံရဲ့ အခြေခံမူတွေ၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတို့အပေါ် အခြေခံထားတယ်လို့ သူက ဆိုပါတယ်။

“ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုရှိရေးအတွက် အင်အားတရပ်အဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းမှာ အာဆီယံက ၎င်းရဲ့အခန်းကဏ္ဍကို ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်နားလည်မှုကတဆင့် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ မားကို့စ်က ပြောပါတယ်။

“ဒီစိတ်ဓာတ်ကိုအခြေခံပြီး ကျွန်တော်တို့ဟာ အတွင်းရေးမှူး မာရီယာ ထရေဆာ လာဇာရိုကို ဖိလစ်ပိုင်နိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ဝမ်းပန်းတသာ ကြေညာပါတယ်” လို့ သူကဆိုပါတယ်။

အတွင်းရေးမှူး လာဇာရိုအနေနဲ့ သူမကို ပေးအပ်ထားတဲ့တာဝန်နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လမ်းညွှန်မှုယူပြီး မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့အတွက် “အပြုသဘောဆောင်တဲ့ မူဝါဒကို အခြေခံတဲ့၊ အားလုံးပါဝင်တဲ့ ချဉ်းကပ်မှု” ကို ယူဆောင်လာမယ်လို့ ယုံကြည်ကြောင်း မားကို့စ်က ပြောပါတယ်။
0 Shares:
You May Also Like
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကို ရှီကျင့်ဖျင် ထောက်ခံကြောင်း စစ်အုပ်စု ပြန်ကြားရေး သတင်းထုတ်ပြန်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မင်းအောင်လှိုင်က ပြုလုပ်မယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ စစ်အုပ်စုရဲ့ ပြန်ကြားရေးနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြရေးသားထုတ်ပြန်ပါတယ်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

ဆန်ဖရန်စစ္စကို မြို့တော်ခန်းမရှေ့မှ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ

အ​မေရိကန်ပြည်​ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ခန်းမရှေ့မှာ ၁၆၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲအဖြစ် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။