ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်ဟာ စစ်ကောင်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့အရေး စစ်ကောက်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ဆောင် တင်သွင်းထားပေမယ့် UEC က လက်မခံပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

သနားခံစာပယ်ချခံခဲ့ရကြောင်းကို နိုဝင်ဘာလ ၁၄ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ မဲဆွယ်ပွဲမှာ သက်သက်ခိုင်ကိုယ်တိုင် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

UEC က ပြီးခဲ့တဲ့အောက်တိုဘာလ ၁၉ ရက်နေ့မှာ သက်သက်ခိုင်ကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း သက်သေခံကတ်ပြား ထုတ်ပေးခဲ့ပြီးနောက် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဘဏ်ငွေချေးအရှုပ်တော်ပုံကိစ္စအကြောင်းပြုပြီး ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ Sky Star Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သက်သက်ခိုင်က “UEC ကို ကျွန်မ အသနားခံစာ တင်ထားတယ်။ UEC က ဒီအသနားခံစာကို လက်ခံလားမခံလားကတော့ ဒီနေ့အထိ အကြောင်းမပြန်သေးဘူး” လို့ ပြောဆိုခဲ့တာပါ။

“ကျွန်မတို့ပါတီက တော်လှန်ရေးကို မယုံကြည်ဘူး တည်ဆောက်ရေးကို ယုံကြည်တယ်၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို မယုံကြည်ဘူး” လို့ပြောဆိုခဲ့တဲ့ သက်သက်ခိုင်ဟာ စစ်တပ်ကနေ အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက စစ်တပ်ရဲ့ထောက်တိုင်အကြီးစားဖြစ်လာခဲ့သလို၊ စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကို ထောက်ခံလာသူလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ပဲ သူမဟာ စစ်တပ်ကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အုပ်စုလက်အောက်ခံ UEC ကတော့ သက်သက်ခိုင်ကို ဘဏ်ကြွေးများ ပေးဆပ်ဖို့ ကျန်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ရွေးကောက်ပွဲအတုမှာတောင် ဝင်ခွင့်မပြုဘဲ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ရွှေနန်းတော် ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ 68 Residence ဆိုခေါ်တဲ့ အိမ်ရာစီမံကိန်းအတွက် စစ်အုပ်စုထောက်တိုင် ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးယူထားပြီး အဆိုပါအကြွေးတွေကို ပြန်မဆပ်နိုင်တာကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ရှင်းရှင်းပြောရရင်တော့ သူတို့ (စစ်တပ်) ကြီးပဲ ကိုယ်စားလှယ်လောင်း ဖြစ်ချင်တဲ့ သဘောပါပဲ။ လွတ်တော်မှာတော့ ရာနှုန်းပြည့်နီးပါး ကြံ့ဖွံ့ ပါတီဝင် စစ်ဗိုလ်ချုပ်တွေပဲဖြစ်မှာ… အယောင်ပြ ၁ယောက် ၂ယောက်လောက်ကလည်း အလကားနေ NLD ကို ဆဲနေတဲ့သူမျိုးကိုပဲ လက်ခံမယ့် အနေအထားမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဒေါ်သက်သက်ခိုင်ကျတော့လည်း လွှတ်တော်ထဲ ရောက်တာနဲ့ လေသံပြောင်းတာကို ကြုံခဲ့ဖူးတော့ ဒီလို အတိုက်အခံတွေကို ကြိုရှင်းတဲ့ အခြေအနေမျိုးလည်းဖြစ်နိုင်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ် ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက်အပါ ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁)လုံး ထိခိုက်ပျက်စီး၊ ရဟန်း (၁)ပါး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇) လုံးနဲ့ လေယာဉ် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁)လုံးနဲ့ နေအိမ် (၁) လုံး ပျက်စီးခဲ့ပြီး ရဟန်း (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။