ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ သ်ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ – ရေတာရှည်မြို့နယ် အခြေစိုက်က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒတရ ၆၀၄ တပ် ဦးဆောင်တဲ့ ခလရ-၂၆/ခမရ-၂၉/ခလရ-၃၉/စခန-၈၄၈/ကကနက်တို့ ပူးပေါင်းကာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို အင်အား ၁၄၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတားပေါ်အရောက်မှာ တော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရတာပါ။

တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ အထိနာသွားတဲ့အတွက် ဂျိုင်ရိုကော်ပတာ၊ ဒရုန်း၊​လက်နက်ကြီး၊ လေယာဥ်ပစ်ကူတွေနဲ့ တိုက်ပွဲအတွင်းကို အဆက်မပြတ်ပစ် ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေပိုင်းမှာ နေပြည်တော်စစ်တိုင်းလက်အောက်ခံတပ်ရင်းတွေနဲ့ KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်နက်ကြီးအဖွဲ့၊ စနိုက်ဘာတို့က အကြမ်းဖက်စစ်သားတွေကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂ နာရီကြာ ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ကျည်ကာပြားကျည်မှန်ပြီး သတိလစ်နေတဲ့ ရဲဘော်ကို ကယ်ထုတ်ခဲ့တဲ့ ရဲဘော် မိုးသီး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

Video-တပ်ရင်း ၃၅၀၄ – ရေတာရှည်မြို့နယ် အခြေစိုက်
0 Shares:
You May Also Like
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ မနေ့ညပိုင်းက ရထားလိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ၃၂ နဲ့ ၅၂ လမ်းထောင့်မှာ ဧပြီ ၁ ရက် မနေ့ညပိုင်းက ရထား လိုင်းခန်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းက ဒရုန်းတွေနဲ့ 1KG ဗုံးသီး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အသက်ရှင်ကျန်ရစ်ပြီး မိသားစုနဲ့ တွေ့ဆုံချင်ရင် လက်နက်ချဖို့ AA ထပ်မံ သတိပေး (ရုပ်/သံ)

ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အနောက်တိုင်းစစ်ဌာနချုပ် အဆောက်အအုံ မီးလောင်ပြီး စစ်ကောင်စီတပ်သားနဲ့ မိသားစု အများအပြား အလံဖြူထောင် အညံ့ခံခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၇ ရက် မနေ့ညပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူအား ပြင်ဦးလွင်ခရိုင်ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခံစစ်ပြင်ထားတဲ့ ဂျပန်လှိုဏ်ဂူကို ပြင်ဦးလွင်ခရိုင် အမှတ် - ၅၀၉ ၊ အမှတ် - ၅၁၀ ၊ အမှတ် - ၅၁၂နဲ့ ပြင်ဦးလွင်ခရိုင်တပ်ရင်း - ၁၊ တပ်ရင်း -၂ ရဲဘော်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။
Read More

မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ ဒူရကစစ်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့အောက်တိုဘာ ၃၁ ရက်မှာ ဒူရကစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။