အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၅ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်က ဘထလေကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။

“ဘာထိတွေ့မှုမှ မရှိဘဲ အလွတ်လာကြဲတာပါ၊ နေအိမ် ၂ လုံးထိသွားတယ်၊ ရှောင်တိမ်းနေကြတာတွေလည်း ရှိတယ်၊ အနီးအနားမှာ မနေကြတော့ဘူးလေ” လို့ ရခိုင်နယ်မြေခံတစ်ယောက်က မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

တစ်ချိန်တည်းမှာပဲ စစ်ကော်မရှင်တပ်ဟာ နွားတင်းကုန်းရွာနားကို ထပ်မံဗုံးကြဲခဲ့လို့ နောက်ထပ်ဒေသခံ ၂ ယောက်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က ရသေ့တောင်မြို့နယ် ကျောက်သံချေကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားထိမှန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးပြီး အကြမ်းဖက်စစ်တပ် ကျူးလွန်နေဟု ဆို

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးမြှင့် ကျူးလွန်ခဲ့တယ်လို့ Myanmar Defense & Security Institute - MDSI က ထုတ်ပြန်ပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ STUM အဖွဲ့ဝင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ STUM ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာထားပါတယ်။