စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ထဲက လူငယ်၄ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်၊ မနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ၁ ခု အပါအဝင် လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို လူငယ်တွေကဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။

အဲ့ဒီစွပ်စွဲချက်နဲ့ပဲ ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင်လမ်းအတွင်းနေထိုင်သူ ကိုရွှေလင်းဦး (၂၀ နှစ်) နဲ့ ကိုခိုင်မင်းကို (၂၀ နှစ်) တို့ကို အဲဒီနေ့မှာပဲ ဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

ပုံစာ- ပါတီဆိုင်းဘုတ်များဖျက်ဆီးသည်ဟုဆိုကာ စစ်အုပ်စုဖမ်းဆီးခဲ့သည့်လူငယ်များ

ကိုစွမ်းထက်အောင် (၁၉) နှစ်ဆိုသူကိုလည်း ရန်အောင်ရပ်ကွက်၊ ရန်အောင်လမ်းအတွင်းနေအိမ်မှာ ဖမ်းမိခဲ့ကြောင်းနဲ့ ကိုချစ်လင်းကို (၂၈ နှစ်) ဆိုသူကိုတော့ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူကျက်သရေဆောင်လမ်းအတွင်းကနေ ဖမ်းမိခဲ့ကြောင်း စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စုက အဲဒီလူငယ်တွေကို ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မ ၂၄ (က) တပ်ပြီးအရေးယူမယ်လို့ ဆိုပါတယ်။

အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးကပ်လာလေ စစ်အုပ်စုအနေနဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာပြီး ရွေးကောက်ပွဲဥပဒေနဲ့ အဓမ္မဖမ်းဆီးခံရသူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၇၇ယောက်အထိ ရှိပြီလို့လည်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ လက်လှမ်းမှီသမျှ ကောက်ယူထားတာဖြစ်တဲ့အတွက် မြေပြင်မှာ အဓမ္မဖမ်းဆီးခံရသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း (AAPP) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းအတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ယောဒေသမှာ စစ်ကောင်စီသတင်းပေးတွေကြောင့် လေကြောင်းတိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်က ကံချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ စစ်တပ်လော်ဘီတွေရဲ့ ဒလန်လုပ်သတင်းပေးမှုကြောင့်ဖြစ်ပြီး အရပ်သားပြည်သူတွေ သတိထားကြဖို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ရေး-ထားဝယ်လမ်းကို ညအချိန် အသုံးပြုခြင်း တားမြစ်ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ် အဝေးပြေးလမ်းမကြီးကို ညအချိန် အသုံးပြုခြင်း တားမြစ်ထားတယ်လို့ ကော်သူးလေတပ်တော် KTLA ၊ ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။