စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနေ့က ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတွေသယ်ဆောင်ပြီး ထွက်လာတဲ့ တွဲကား ၂၃ စီးကို လုံခြုံရေးယူပေးထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာ Jummer ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်း အဖွဲ့ နှင့် Area 71၊ LPDF၊ Monywa Golden Peacock Attack Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Area71Local People Defense Force

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ် ခွန်ဆာကုန်းသို့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲမှု မိသားစုလိုက်သေဆုံးမှုအပါအဝင် ၉ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ခွန်ဆာကုန်းမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားလိုက်သေဆုံးမှုအပါအဝင် ၉ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်များထံက သိရပါတယ်။
Read More

ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်း အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်း SOS ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားသည့် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိကြောင်း PDF Pekhon ထုတ်ပြန် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေ တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ PDF Pekhon က ထုတ်ပြန်ထားပါတယ်။
Read More

တိုးဂိတ်တွင် ကားမှန်ချခိုင်းသည့် ပျူခေါင်းဆောင်နှင့် စစ်ကောင်စီ ဗိုလ်မှူး စကားများရန်ဖြစ်၊ ပျူခေါင်းဆောင် အဖမ်းခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိတ္တီလာမြို့အဝင် တိုးဂိတ်မှာ ကားမှန်ချခိုင်းမှုကြောင့် မလှိုင်မြို့နယ်မှ ဗိုလ်မှူးဝေဖြိုးဆိုသူနဲ့ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းတို့ အပြန်အလှန် စကားများရန်ဖြစ်နေကြတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။