အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူအပေါ် သွေးစွန်းစေတဲ့ ကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်နေပြီး အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါင်း အကြိမ် ၂၅၀ ကြောင့် ပြည်သူ ၁၈၅ ယောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူပေါင်း ၅၂၂ ယောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၃၈ ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁လတည်းမှာပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၁ ကြိမ် ကျူးလွန်ခဲ့ပြီး ၁၈ နှစ်အောက်ကလေး ၁၆ ယောက် အပါအဝင် စုစုပေါင်း ၁၁၆ ယောက် သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

တစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၅၉ မှုကို စစ်တပ်က ပုံစံမျိုးစုံနဲ့ ကျူးလွန်ခဲ့ပြီး ဒီလိုလုပ်ရပ်တွေအပေါ် နိုင်ငံတကာက အရေးယူနိုင်ဖို့၊ ကျူးလွန်ခံရသူတွေရဲ့ နစ်နာမှုအတွက် တရားမျှတမှုရရှိစေဖို့ သက်သေအထောက်အထား အပြည့်အစုံနဲ့ စုဆောင်းထားတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာနဲ့အမျှ တဖက်မှာလည်း ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းဖို့ ဖမ်းဆီးထောင်ကျတာတွေ ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

လျှပ်စစ်မီးရဖို့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် နေရာ ၁၆ ခုမှာ ရေအားလျှပ်စစ်ထုတ်မယ်လို့ စစ်ကောင်စီ ဆိုပြန်

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က နေရာ ၁၆ ခုထက်မနည်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားလိုက်ပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဒေသ (ခွဲ) စစ်သင်တန်းကျောင်း(၂) သင်တန်းဆင်းပွဲ NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ(ခွဲ) စစ်သင်တန်းကျောင်း (၂) သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။