ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက် ညနေပိုင်းက တောင်ငူမြို့ကနေ သံတောင်ကြီးမြို့ကို ထွက်ခွာလာတဲ့ (ဘုရင့်နောင်တပ်မြို့) သင်တန်းကျောင်း လုံခြုံရေးနဲ့ ပူးပေါင်းတပ် ၁၂၄ တပ်ရင်းရဲ့ အကြမ်းဖက်စစ်သားတွေဟာ စနေကုန်းကျေးရွာအတွင်း ဝင်ရောက် ညအိပ်တပ်စွဲခဲ့ပါတယ်။

အဲ့ဒီလို တပ်စွဲထားချိန် စစ်ကြောင်းထဲက အကြမ်းဖက်စစ်သား ၃ယောက်ဟာ ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် နော်ထီးထာဖော (ခ) နော်ငဲငယ်ရဲ့ နေအိမ်ကိုဝင်ရောက်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ လည်ပင်းနဲ့ ရင်အုံနေရာတွေကို မသေမချင်း ဓားနဲ့ ၆ ချက်ထိုးသတ်ခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူ နော်ထီးထာဖော (ခ) နော်ငဲငယ်မှာ ၁ နှစ်၂ လအရွယ် ကလေးငယ် ကျန်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်လာချိန် မတိမ်းရှောင်နိုင်တာကို စစ်အုပ်စုက အခွင့်ကောင်းယူခဲ့တာလို့လည်း သိရပါတယ်။

” စစ်ကြောင်းက အမြဲတမ်းပဲဝင်နေကျ၊ ကလေးငယ်နဲ့ဆိုတော့ ဘာမှအန္တရာယ်မပြုဘူးထင်မှာပေါ့နော်။ အဲ့ဒါအိမ်ထဲ သူနဲ့ကလေး ၂ယောက်တည်းရှိနေချိန် လုပ်သွားတာပါ” လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ စနေကုန်းရွာအတွင်း ၂ရက်ကြာတပ်စွဲရင်း ကျေးရွာအတွင်းက အရပ်သားနေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသယ်ဆောင်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာအပြင် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းရံပုံငွေတွေကိုပါ လုယူသုံးစွဲတာမျိုးတွေရှိခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ လက်မခံသည့် ရွေးကောက်ပွဲအတုအတွက် မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ်

အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မဖြစ်စေသင့်ကြောင်း NUG ယာယီသမ္မတ ပြောကြား၊ NUG ဟာ တရုတ်၏ အကျိုးစီးပွါးကို ထိခိုက်စေမည့်အဖွဲ့ မဟုတ်ဘူးဟုဆို

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်အဖြစ် ယောတပ်တော် ပါဝင်ခဲ့၊ ယောဒေသလွတ်မြောက်ရေးလည်း ဆက်လက်လုပ်ဆောင်မယ်

ချင်းပြည်နယ်က မတူပီ၊ မင်းတပ် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်တပ်တွေနဲ့အတူ ယောတပ်တော်က မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂၉) ရဲဘော်များကို ဂုဏ်ပြု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ (ဒေါင်းမင်း - PDF) ရဲဘော်တွေကို ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တွေ့ဆုံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၂၉ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အထက်မင်းလှအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။