မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူကာကင်းစခန်းကို ထိမှန်ကာ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။  

ပျူစခန်းတိုက်ခိုက်ခံရတဲ့အတွက် တပ်ကူချထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကနေ ဒရုန်းနဲ့ လာ ရောက်ဗုံးသီးကြဲချပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Zin Yaw Ni လက်နက်ကြီးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Zin Yaw Ni Sniper packing Guerrilla forces

0 Shares:
You May Also Like
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို ဒရုန်းနဲ့ ဝင် တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၆ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် -၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဗန်းမော်မြို့ စိန့်ပက်ထရစ်ဘုရားကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ စိန့်ပက်ထရစ် ဘုရားကျောင်းနဲ့ စာသင်ကျောင်းတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၆ ရက် မနေ့က ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်၊
Read More

ဆိပ်ဖြူမြို့နယ် သံဇလုံဂိတ်တိုက်ပွဲတွင် ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရေနံသာစစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ ကျဆုံးခဲ့ရ တယ်လို့ Yenanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ချေမှုန်း၊ စစ်သားနှင့် ပျူ ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Anyar Federal Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။