ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်းထဲက မောတောင်မြို့ ခလရ ၂၂၄ တပ်ရင်း မဆုတ်တမ်းခံစစ်စခန်းကို KNLA၊ BPLA နဲ့ FFD တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

မောတောင်မြို့ရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၁၁ ရက်ကတည်းက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ဒီနေ့နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်သားအချို့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးမိခဲ့ပြီး ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက်၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊ လက်နက်ငယ် ၃၆လက်နဲ့ တခြားလက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားပါတယ်။

Video – BPLA

0 Shares:
You May Also Like
Read More

လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်သားများ ထမင်းမစားရဘဲ တိုက်ပွဲဝင်နေရကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းပြောကြား (ရုပ်/သံ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 
Read More

ပဲခူးရိုးမအနောက်ခြမ်းမြို့နယ်များ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များ တစ်ပြိုင်နက် တိုက်ခိုက်သိမ်းပိုက်၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ဦးခန့် သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

မောင်မယ်ကျေးရွာက အကြမ်းဖက်စစ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်မှု ၁ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့မှာ အင်အားဖြည့်တင်းပြီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၃ရက် မနေ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဒုံးပျံ Local PDF အဖွဲ့ ထုတ်လုပ်ထားသည့် တာဝေးပစ်အမြောက်ဖြင့် စစ်အုပ်စုကို စမ်းသပ်ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒုံးပျံ Local PDF ထုတ်လုပ်ထားတဲ့ တာဝေးပစ်အမြောက်လက်နက် ကြီးနဲ့ စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။