ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၂၃၉ မိုင်က အကြမ်းဖက်စစ်တပ်ရဲ့ “လေးက” ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ဗိုလ်အဆင့်ရှိသူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF – Tatkon Battalion 803 က မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက် ညပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ ၂၃၉ မိုင်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ “လေးက” တံတားစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်မှုဟာ အချိန်နာရီဝက် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၂ ယောက် သေဆုံးကာ ဗိုလ်အဆင့်ရှိသူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအပြီး PDF – Tatkon Battalion 803 တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတစ်ခု

“အင်အား ၁၅ယောက်လောက်ပဲ ရှိတဲ့ ဂိတ်စခန်း အသေးတစ်ခုကို ကျနော်တို့ ဝင်ရောက်ပစ်ခတ်ခဲ့တာဆိုပေမယ့် လမ်းပန်း ဆက်သွယ်ရေးအရ အခက်အခဲ အမျိုးမျိုးရှိခဲ့ပါတယ်။ နောက်ဆုံး ကျနော်တို့ ရရှိတဲ့သတင်းအရ ဗိုလ် တစ်ဦး ထိခိုက်တဲ့ထဲ ပါသွားတယ် ဆိုတာကိုပဲ သိရတယ်။ ဘယ်ဆေးရုံရယ်လို့တော့ ထပ်ပြီး သတင်း မသိရသေးပါဘူး” လို့ ဟု PDF – Tatkon “Battalion 803 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခုလို စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရမှုအပြီး စစ်အုပ်စုက ဂိတ် အနောက်ဘက်ခြမ်းကျေးရွာတွေဆီ စစ်ကြောင်း ထိုးဝင်ရောက်နေတာကြောင့် ကျေးရွာနေပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့လည်း PDF – Tatkon “Battalion 803 က ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ကတော့ နေပြည်တော်တိုင်းစစ်ဌာန တပ်တွေဖြစ်လို့ နေပြည်တော် အဝန်းအဝိုင်းကို ပြောက်ကျားတိုက်ခိုက်ဖို့ အမြဲ ကြိုးစားနေမှာပါ” လို့ PDF – Tatkon “Battalion 803 တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတလင်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်သားက ၇၅ နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အဘွားအို ရင်ဆိုင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အသက် ၇၅ နှစ်အရွယ် အဘွားအို ၁ယောက်ကို အကြမ်းဖက်စစ်သားက အဓမ္မကျင့် စော်ကားခဲ့တဲ့အတွက် အဘွားအိုဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြုလုပ်သည့် (၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဒေသ တနေရာမှာ ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်

ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။