စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့  အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ တပ်မ (၃၃) စစ်ကြောင်းမှူးအပါအဝင် စစ်သားအယောက် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ကနေ ခင်ဦးမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၃၃ ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို နိုဝင်ဘာလ ၁၂ ရက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Zayar Aung အကောင့်ကနေ “ကန့်ဘီလူ ဗိုလ်ပိုင်ချဲစစ်ကြောင်းနဲ့အတူ ခင်ဦးတပ်ရင်း ၃ pdf ဗိုလ်သာဒင်စစ်ကြောင်း ၃၃ ကို ဖြုတ်” ဆိုတဲ့ စာသားနဲ့အတူ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေ၊ ကိုယ်လွတ်ရုန်းထွက်ပြေးသူတွေလည်း များပြားခဲ့သလို သေနတ် ၁၈ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း တော်လှန်ရေးတပ်တွေ ရရှိခဲ့ပါတယ်။

တပ်မ ၃၃ ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၃ တပ်ရင်း (ခင်ဦး )/ရေဦး ပကဖ (ဓူဝံ) /ရေဦး ပကဖ လက်ရုံးတပ်တို့နဲ့အတူ ရွှေဘိုခရိုင် အမှတ် ၂၅ တပ်ရင်း TPC တပ်ခွဲ ၃ တို့က စစ်ကြောင်းဖွဲ့စည်းပုံ ပျက်သွားတဲ့အထိ ကြားဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Zayar Aung

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ ချမ်းသာကြီးဘုရားနှင့် လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ချမ်းသာကြီးဘုရားနဲ့ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင် ကျဆုံးခဲ့ရတဲ့ ရဲဘော် ကိုရှိုင်း စျာပနအခမ်းအနား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ တပ်စိပ်မှူး ရဲဘော် မိုးဒီ (ခ) ကိုရှိုင်းစျာပနကို စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို Rc plane ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Burmese Peacock Defense Force-BPDF မှ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်ဆက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးကို ဗမာ့ဒေါင်းဒရုန်းတပ်ဖွဲ့မြိုင်နယ်(ပကဖ)၊ မုံရွာခရိုင် အမှတ်(၄)တပ်ရင်းနဲ့ အညာဖိုက်တာ Local PDF မဟာမိတ် အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ကြေးနီတင်ယာဉ်နှင့် စစ်ကောင်စီလုံခြုံရေးယာဉ် စုစုပေါင်း ၅၆ စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ လုံခြုံရေးလိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နတ်အိမ်တောင် စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေ၊ အများအပြားဒဏ်ရာရကာ ပြန်ဆုတ်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမြင်ကွင်း (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။