ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ အမှတ် (၉၄၂၀) တပ်ရင်း KPLA/B9420 ရဲ့ တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်တစ်နေရာမှာ နိုဝင်ဘာ ၁၄ ရက် ဒီနေ့ အကျဥ်းချုံးပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခမ်းအနားကို ကလလတ အလံတော် အလေးပြုခြင်းနဲ့ စတင်ခဲ့ကာ တက်ရောက်လာတဲ့ ရဲဘော်ကေဒါတွေက စည်းကမ်းကြီး (၃) ရပ်၊ သတိပြုရန် (၈) ချက် သီချင်းကို သံပြိုင်သီဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမှတ် (၉၄၂၀) တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲဘော် ရန်ကျော်ရှင်းက တပ်ရင်းသမိုင်းအကျဥ်းကို ဖတ်ကြားခဲ့ပြီး ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေ၊ ကျဆုံးရဲဘော်တွေအတွက် တပ်ရင်းအသိအမှတ်ပြု ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်း ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲတွေလည်း ပြုလုပ်ခဲ့သလို ကလလတ၊ ဗျူဟာ (၁) အမျိုးသမီးရဲဘော်တွေကလည်း တေးသီချင်းတွေ၊ အကတွေနဲ့ ဖြေဖျော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအခမ်းအနားကို ကလလတ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ (၁)၊ ဗဟိုကော်မတီဝင်တွေနဲ့ ဌာနအသီးသီး၊ မဟာမိတ်အဖွဲ့အစည်း အသီးသီးက တက်ရောက်ကာ ဂုဏ်ပြုမိန့်ခွန်းတွေ ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီကို အွန်လိုင်းမှာ ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၀၀ အထိရှိလာ

စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။