အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။

ဒီဆုတွေကို အာဏာသိမ်းစစ်​ကော်မရှင်က (၁၀၅) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့တာဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယဆိုပြီးရှိတာ ဖြစ်ပါတယ်။

လူမှုထူးချွန်ဆု ပထမအဆင့်အတွက် အကြမ်းဖက်စစ်တပ်ကို ခေတ်အဆက်ဆက်ထောက်ခံလာသူ ဟာသသရုပ်ဆောင် ဒိန်းဒေါင် နဲ့ ပေါ်လစီကားတွေရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်တို့ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအဆင့်မှာတော့ လူရွှင်တော် ငြိမ်းချမ်းနဲ့အတူ စစ်တပ်အလိုကျ လူမှုကယ်ဆယ်ရေးတွေနဲ့ ပရဟိတလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်တဲ့ ဝေဠုကျော်၊ ခိုင်နှင်းဝေတို့ ရရှိခဲ့ပါတယ်။

ဒါ့အပြင် လူမှုထူးချွန်ဆုတတိယဆင့်အနေနဲ့ သရုပ်ဆောင်ထူးခန့်ကျော်၊ ချမ်းသာကြည်စိုး၊ ဟာသသရုပ်ဆောင် ဦးတိမ်ညွန့်၊ ​ငြိမ်းချမ်း၊ ဇာတ်သဘင်က တင်မောင်ဆန်းမင်းဝင်း၊ ပတ္တမြားကေခိုင်တို့နဲ့ ဒါရိုက်တာ ကျော်ဇော်လင်း (အတွေးပုံရိပ်) ၊ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)၊ ဒါရိုက်တာ ညိုမင်းလွင်တို့ကို ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ကို ထောက်ခံတဲ့ ပြည်တွင်းအနုပညာသမားဆိုသူတွေကို အခုလိုမက်လုံးပေးဆွယ်တာမျိုးတွေရှိနေသလို တစ်ဖက်မှာလည်း သူတို့ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်တွင်းသရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကို အတင်းကြပ်ဖိအားပေးစေခိုင်းပြီးဝါဒဖြန့်နေရာမှာ ဝေဖန်ပြောဆိုသူတွေနဲ့ ထောက်ပြသူတွေကို မတရားဖမ်းဆီးတာမျိုး ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အရပ်သား ၃ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၄ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝမ်းတွင်းမှာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတဲ့ ပျုစောထီးမိသားစု ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု တမာကန်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် မောင်လွင်နဲ့ မိသားစုဟာ ကျေးရွာနေ ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြ ငွေကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) အဖွဲ့ထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲ ၃ ကြိမ် အနိုင်ရ မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးအမတ် ပစ်သတ်ခံရ

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်က ကြံ့ခိုင်ရေးပါတီ အမတ် စိုင်းငေါင်းဆိုင်ဟိန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကြံ့ခိုင်ရေးပါတီအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်၊ ပဋိပက္ခများ ပိုတိုးလာနိုင်သည့် ရွေးကောက်ပွဲ လုံးဝ အသိအမှတ်မပြုကြောင်း NLD ထုတ်ပြန်…

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။